Part 3 (Z)

15 2 0
                                    

" ဟိတ် အရှေ့မှာ ကား ဟိုကလေးမ "


အနောက်က အသံ သဲ့သဲ့ ကြားလိုက်သည်မို့ Headphone ကို ချွတ်လိုက်စဉ်တွင်တော့ အရာရာ နောက်ကျသွားလေပြီ။ သူမ အနားကို အပြေးလာနေသည့် ကောင်မလေး တစ်ယောက် ။ ကြီးမားသော ထုထည်နှင့် တိုက်မိလိုက်ပြီမို့ သူမ ခန္ဓာကိုယ်လဲ လေပေါ်မှာ မြောက်တက်သွားသည်။ အားစိုက်ထားတဲ့ မျက်လုံးတို့ တစ်ဖြည်းဖြည်း အရောင် ပြောင်းသွားရပြီ။ အနားကို ပြေးလာနေတဲ့ ကောင်မလေး အပြင် တခြား ပုံရိပ်တို့ကလဲ သဲသဲကွဲကွဲ မမြင်ရတော့ပါ။


တိမ်လွှာနန်းမြင့် အိပ်ယာမှ နှိုးလာသော်လည်း သူမကို အော်လိုက်သည့် ကောင်မလေး အား ပုံဖော်၍ မရသေးပေ။ ထိုနေ့က အဖြစ်အပျက်ကြောင့် သူမ Accident ဖြစ်ရာနား ဘာကြောင့် ရောက်နေလဲတောင် မမှတ်မိခဲ့သည်မလား။


:::::::::::::::::


"ဟိုမှာ လာပြီ Nine ရဲ့ဇာတ်လိုက်"


နှင်းဧကရီထွန်း ကို မြင်တာနဲ့ လှမ်းပြောလိုက်တဲ့ ကောင်လေး တစ်ယောက်။ သူမ လှည့်ကြည့်လိုက်သည်နှင့် တစ်ဖွဲ့လုံး မျက်လွှာချကာ ခေါင်းပါ ငုံ့သွားလေပြီ။ အနားတွင်လဲ ဘယ်သူမှ မရှိသည်မို့ သူမ ‌ကို ပြောနေမှန်း အတပ်သိသဖြင့်အတန်းထဲ ရောက်အောင်သွားသည့် ကော်ရစ်တာ တစ်လျှောက် သူမကိုပဲ ကြည့်နေသည်မို့ ဧကရီ သိပ်တော့မလုံ။ တစ်ဆက်ထဲမှာပဲ နောက်ဘက်လှည့်ကာ တင်ပါးကို လှည်ပြန်ငုံ့ကြည့် ရသေးသည်။ ပေနေသည်ဆိုပါကလည်း နှင်းဧကရီထွန်း မသိစရာ အကြောင်းတော့ မရှိ။


အတန်းရှေ့ရောက်သော် နှင်းစက်မေ က စောင့်‌နှင့်နေသဖြင့် နှင်းဧကရီထွန်း ရဲ့ လက်ကို ဆွဲကာ အတန်းရဲ့ ခပ်လှမ်းလှမ်း ကို လျှောက်သွားသည်။ သူမလဲ ရုတ်တရက်မို့ မမေးမိပဲ နောက်ကပဲ လိုက်သွားရသည်။


လူရှင်းတဲ့ နေရာ အရောက်တွင်တော့


"မမ ကျောင်း website မှာ မတွေ့သေးဘူးမလား"


ဧကရီ က နားမလည်ဟန်ဖြင့် ကြည့်သည်။ တကူးတကကြီး ကျောင်း website ကို ဝင်မကြည့်ဖြစ်သလို Noti လဲ off ထားသည်မို့

IMPLICATEDWhere stories live. Discover now