{{Alert:::: ဒီ one shot ထဲပါဝင်မယ့် ဇာတ်လမ်း
ဇာတ်အိမ် အကုန်လုံးဟာ စိတ်ကူးယဉ်သပ်သပ်
ဖြစ်တာမို့ serious မထားပဲ fan fic one shot လေး
တစ်ပုဒ်လိုသာ ဖတ်ပေးစေလိုပါတယ်💌}}𐙚———————— ────ᝰ.ᐟ₊ ⊹
"ငါတို့၂ ယောက်လုံးဟာ တူညီတဲ့အိမ်မက်ဆီ
ရောက်အောင်ကြိုးစားနေတုန်း မထင်မှတ်ပဲ
တွေ့ဆုံခဲ့ကြတယ်"- 2021 / January 10th
"မွေးနေ့အတွက်ဂုဏ်ပြုပါတယ် မေ့သားလေး"
"Happy Bithday ဂွန်းနု မျက်စိရှေ့တင်
၁၆ နှစ်သားလေး ဖြစ်လာပြီ""ကျေးဇူးပါ အွန်းနား / ကျေးဇူးပါ မေမေ"
ဒီနေ့ဟာ ပတ်ဂွန်းဝုရဲ့ ၁၆ နှစ်ပြည့်မွေးနေ့၊
ကျောင်းစာမှာလည်းထူးချွန်ပြီး
အမြဲဆုရတဲ့ကလေးပေမယ့်
တဖက်က သူငယ်ငယ်ထဲက
တိတ်တဆိတ် မက်ခဲ့ရတဲ့အိမ်မက်အတွက်
ကြိုးစားနေတဲ့ကလေးဆိုလည်းမမှား၊
အွန်းနားလို့ အမြဲခေါ်တတ်တဲ့ ဂွန်းဝုရဲ့အစ်ကို
ပတ်ချန်းဝုက သူ့ညီလေးရဲ့ အိမ်မက်ပေါ်
ဘယ်လောက်passionate ဖြစ်လည်းဆိုတာ
အသိဆုံးလူ၊ ဒါကြောင့်
ဂွန်းဝု သူ့အမေမသိအောင် ဒီနေ့
Yuehua entertainment မှာ
audition ဖြေတာကို နောက်ကနေ
လိုက်ပေးခဲ့သေးတာ။တစ်ဖက်က ၁၆ နှစ်ပြည့်မွေးနေ့ကို
မိသားစုနဲ့တူတူ ကျင်းပနေပေမယ့်
စိတ်ကတော့ audition ဖြေထားတဲ့ ဆီမှာပေါ့
ပထမဆုံး kpop idol audition ဖြေဖူးတာမို့
ဂွန်းဝုအတွက်လည်း ကြောက်စိတ်မျိုး
ရှိခဲ့တယ် ၊ သီချင်းဆိုတဲ့နေရာမှာ
အမှားယွင်းမျိုးပါခဲ့တာမို့ အရွေးမခံရလောက်ဘူး
ဆိုတဲ့စိုးရိမ်စိတ်ကြောင့် ၁၆ နှစ်သားလေးမှာ
မျက်နှာမှာ ဟန်တောင်မဆောင်နိုင်၊
မွေးနေ့ရှင် မျက်နှာမကောင်းနေတာကို
ရိပ်စားမိတဲ့မိခင်က"ငါ့သားငယ် နေမကောင်းဘူးလား?
မျက်နှာလေး မလန်းနေပါ့ရော""မဟုတ်ဘူး မေမေ
ဂွန်းဝုက ဒီနေ့ ကျောင်းမှာ
Activity တစ်ခုလုပ်လာတော့ပင်ပန်းနေတာ
အဲ့တာကြောင့်
ဂွန်းဝု မင်းသွားနားရင်နားတော့လေ"
YOU ARE READING
EMPATHY (one shot collection)
Фанфикfor 48 hrs fan-fiction commission project One shot collection 💌 •written in burmese•