Song recommendation:
\\Amnesia - A Tate Mae Yaw Gar by May, ZiG\\┈┈∘*┈୨୧┈*∘┈┈
မုန်တိုင်းတွေတိုက်ထားခါစမို့
လက်ကျန်မိုးတွေကလည်း ခြိမ့်ခြိမ့်သဲလို့
ရွာသွန်းနေတယ်၊ မိုးရေတွေနဲ့
လေကြမ်းတွေကလည်းအငြိုးနဲ့ တိုက်နေသလား
အောင့်မေ့ရပါချည်ရဲ့၊ မိုးရေစက်တွေကြား
ဓားသံ ယမ်းသံ သေနတ်သံတွေနဲ့
အားနဲ့ချီလို့ ဝင်လာတဲ့
ရန်သူgang နှစ်ခုကို ပြန်ခုခံနိုင်စွမ်းလည်း
ဂွန်းဝုတို့ဆီ သိပ်ပင်မရှိတော့ဘူး။ပြောရရင် ဂွန်းဝုတို့က ဟန်ယမ်းကျွန်းဆွယ်လေးမှာ
ကိုယ်ပိုင်နယ်မြေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
လေးလိုမျိုး ဒီကျွန်းမှာပဲကြီးပျင်းလာပြီး
ဒီကျွန်းမှာပဲ အမှီပြုနေနေကြတဲ့လူတစ်စုပေါ့။ဟန်ယမ်းကျွန်းမှာ Hoodlum Squad လို့ခေါ်တဲ့
Gang အစုလေးတစ်ခုရှိတယ်၊
ထိုGang ကိုဦးဆောင်တဲ့လူကတော့ ပတ်ဂွန်းဝု
လို့ခေါ်တဲ့ ၂၈ နှစ်အရွယ်
လူငယ်တစ်ယောက်၊
ဂွန်းဝုတို့ဦးဆောင်တဲ့
Gang ကပဲ ဒီကျွန်းဆွယ်မှာနေတဲ့ လူထောင်ဂဏန်း
လောက်ကို ကာကွယ်စောင့်ရှောက်လာတာ
၁၀ စုနှစ်တစ်ခုပင်ရှိပြီ၊
ဂွန်းဝုဆယ်ကျော်သက် ဘဝထဲက
ဆိုပါတော့။ပုံမှန်တိုင်းလေး သာယာနေတဲ့ ဟန်ယမ်းကျွန်းကို
လိုချင်ကြတဲ့gang တွေကြူးကျော်ချင်ကျတဲ့
Gang တွေရော ခပ်များများပဲ၊ အဲ့ထဲက
အဆိုးဆုံး gang 2 ခုရဲ့ ကျူးကျော်မှူကို
ရုတ်တရက်ခံလိုက်ရတာမို့ ဂွန်းဝုတို့မှာ
အစီအစဉ်ကလည်းမရှိနဲ့ မိုးရေတွေကြား
ရှူံးလိုက်တာမှ အလူးအလဲ၊ သွေးစတွေနဲ့
မိုးရေတွေရောပြီး ပြန့်ကျဲကုန်တဲ့ အဖွဲ့သားတွေကို
ကြည့်ရင်း ဂွန်းဝုရဲ့စိုးရိမ်စိတ်တွေက
ငယ်ထိပ်ရောက်နေပြီ၊ ပူပန်မှုတွေရော ဒေါသတွေရောနဲ့ လက်ထဲက ဓားမြှောင်တစ်လက်နဲ့
ကျူးကျော်သူတွေကို ခုခံရင်း
ဒုတ်သံ ဓားသံတွေနဲ့သေတဲ့လူကသေ၊
ဂွန်းဝုတို့ Hoodlum ဘက်ကအများစုက
အသေအကြေအထိအခ်ိုက် တော်တော်များလာပြီ။တစ်ဖက်Gang က အကူDoubt ဆိုတဲ့Gang ကို
စစ်ကူခေါ်ချလာပြီး အလုံးရင်းနဲ့ကျွန်းဆွယ်ထဲ
ဝင်လာတာမို့ ထိုအချိန်မှာ ဂွန်းဝုတို့ဘက်မှာ
အရံအင်အားမပြောနဲ့ ရှိတဲ့လူတောင်
သေမှန်းမသိ ဒဏ်ရာတွေနဲ့ လက်နက်ချလုနီးပြီ၊
ဒီ့ထက်ပိုပြီးတိုက်ရင်း ဂွန်းဝုလည်း
ပွဲကျင်းသေမယ်လား အာမ မခံနိုင်တော့ဘူး၊
ဟော..မကြာခင်မှာပဲ ဂွန်းဝုတို့ဘက်က
၁၀ ယောက်ထပ်ပိုမရှိတော့ပါ၊
ကျူးကျော်သူ Gang ၂ ခုက
ဓားတွေသေနတ်တွေကိုင်ပြီး ပတ်ပတ်လည်
ဝန်းရံထားပြီး ဂွန်းဝုတို့ကတော့
၁၀ ယောက်မျှသာ အစုလိုက်ကလေး
ရှိနေတယ်။
YOU ARE READING
EMPATHY (one shot collection)
Fanficfor 48 hrs fan-fiction commission project One shot collection 💌 •written in burmese•