Mesmeric- ညှို့ယူဖမ်းစားတတ်လေသော
Chapter 7
တစ်နေကုန် အလုပ်စားပွဲတွင် ထိုင်နေရသော်လည်း သုတ၏ စိတ်များ လေးလံနေသည်။ မနေ့ညက အတူပျော်ရွှင်ခဲ့ရပါလျက်နှင့် ယနေ့ကျမှ ခပ်တင်းတင်းစေ့ကာ အလုပ်စကားမှလွဲ၍ တပါးမပြောသည့် အမျိုးသမီးကို နားမလည်နိုင်။ သက်ပြင်းကို အခါခါ ချမိသည်။ မနေ့ညက အဖြစ်အပျက်များကို အကြိမ်ကြိမ်အခါခါ ပြန်စဥ်းစားမိသည်။ သူ့ညီငယ်လေးပေါ်တွင် အထက်အောက်လှုပ်ရှားနေခဲ့သည့် မေပယ်၏ လက်၊ ကျားသစ်မလေးတစ်ကောင်လို ညှို့အားပြင်းသည့် အကြည့်များဖြင့် လှမ်းကြည့်တတ်သော မျက်ဝန်း...။ အခုတော့ သူစိမ်းတရံလို၊ အလုပ်သဘောမှလွဲ၍ အခြားဆက်ဆံမှုမရှိသည့် လူတွေလို...။
"ဟေ့ကောင်.. ဘာလို့ ဒီလောက်တောင်သက်ပြင်းချနေတာလဲ"
သုတ၏ သက်ပြင်းအကြိမ်ကြိမ်ချသံကို သည်းညည်းမခံနိုင်တော့သည့် ရွိုင်ရယ်က မေးလိုက်သည်။
"ဒီလိုပါပဲဗျာ။ စိတ်ညစ်စရာတွေရှိလို့.."
"သက်ပြင်းတွေချမနေနဲ့ ငါ့ကောင်ရေ။ ကမ္ဘာမှာ ချလို့ ကောင်းတာ တစ်ခုပဲရှိတယ်။"
"ဘာလဲ?"
စိတ်မပါ့တပါဖြင့် သုတက ပြန်မေးလိုက်သည်။
"စော်ချတာ ဟားဟား"
ရွိုင်ရယ်က သူ့စကားကိုသူ သဘောကျစွာဖြင့် ရယ်နေလေ၏။ သုတမှာတော့ ပြုံးပင်မပြုံးနိုင်။
"ကိုယ့်လူက ဟာသပြောနေတဲ့သူကို အားနာပြီးတော့တောင် မရယ်နိုင်တော့ပါလား.."
ရွိုင်ရယ်က သုတ၏ မျက်နှာရိပ်၊ မျက်နှာကဲကိုကြည့်ပြီး ဆက်ပြောသည်။
"ကျနော် စိတ်ညစ်စရာလေးရှိနေလို့ပါဗျာ.."
"ဒီညနေ ကိုယ်လည်း အားတယ်။ ဘားလေး ဘာလေးသွားထိုင်ကြမလား"
သုတလည်း ခေတ္တမျှစဥ်းစားလိုက်သည်။ မေပယ်နှင့်လည်း ဘာမှန်းသေချာမသိ၍ မျက်နှာချင််းမဆိုင်ရဲဲ။ မျက်နှာချင်းဆိုင်ဖို့ပင် မဆိုနှင့်။ စာတောင်မပို့ရဲ။ သည့်တော့ စိတ်ပြေလက်ပျောက် သွားသောက်လျှင်မဆိုးလှဟု တွေးမိသည်။