happy story

54 4 2
                                    

" ခင်ဘယ်သွားမလို့လည်း.."

အိတ်ပခုံပေါ်၌ လွယ်ကာ အပြင်ထွက်မလို့ ပြင်နေတဲ့ ခင်ကိုကြည့်၍ ခင်သူငယ်ချင်းဖြစ်သည့် ဖြူကမေးသည်။

" ဘုရား သွားမလို့ပါ ဖြူရယ်.."

" ဖြူလည်းလိုက်မယ်.."

ဘုရားဟု ပြောလိုက်တာနဲ့ စိတ်ပူစွာပြောလာသည့် ခင်၏သူငယ်ချင်းကို ကြည့်ကာ ခင်သဘောကျစွာ ပြုံးလိုက်သည်။

" ရပါတယ် ဖြူရယ် ခင်တစ်ယောက်ထဲ သွားလည်းရတာကို.."

" မရဘူးခင် ဖြူလိုက်မယ် ခဏစောင့်.."

ခဏစောင့်ဆိုကာ အိမ်ခန်းထဲပြေးဝင်သွားခဲ့သည်။ အညိုစင်အိတ်လေး ယူကာ ခင်ဆီအမြန်ပြေးလာခဲ့၏။

" ခင် မထွက်ပြေးပါဘူးဖြူရယ် ဖြေးဖြေးလာမှာပေါ့.."

" ဖြူစိတ်ပူတာကို သိရဲ့သားနဲ့ သွားမယ်.."

တစ်ယောက်လက်တစ်ယောက်ချိတ်ကာ ကားထဲဝင်သွားကြ၏။ ပြီနောက် အဝါရောင်ကားတစ်စီးဟာ ခြံထဲကနေ တစ်ရွေ့ရွေ့ထွက်ခွာသွားသည်။..

🌻

ခင်ဘုရားရောက်သည့်တစ်ပြိုင်ထဲ ထိုင်နေကြ တနဂ်နွေထောင့်လေးမှာထိုင်လိုက်ပြီး ပန်းကပ်လိုက်သည်။..

နာရီဝက်...

တစ်နာရီ...

" ခင် ထသွားရအောင်.."

"...."

" ခင် သွားရအောင် နောက်ကျနေပြီး.."

" သွားတော့မလား ဖြူ.."

" သွားရအောင် ခင်ရယ် အိမ်ရောက်ရင် ခင်ကြိုက်တဲ့ မုန့်ဟင်းခါး ချက်ကျွေးမှာ ဖြူကာ.."

ခင် ပြုံးလိုက်ကာ ထရပ်လိုက်သည်။ ပြီနောက် ကောင်းကင်ကိုတစ်ချက်မော့ကြည့်လိုက်ကာ ပြုံး၍ တစ်ခုခုကိုတီးတိုးပြောလိုက်၏။

" ခင် သွားရအောင် နေဝင်တော့မှာ.."

" အင်အင် သွားမယ် ရှင်ကအရမ်းလောတာပဲ.."

သူငယ်ချင်းနှစ်ယောက် စနောက်ရင်း အိမ်ပြန်ဖို့လုပ်သည်။

🌻

ရောက်လာခဲ့ပြီး...ထပ်ရောက်လာခဲ့ပြန်သည့်အိမ်ကို ခင်တစ်ချက်မော့ကြည့်လိုက်သည်။ ပြီးနောက် ခပ်ဖျော့ဖျော့အပြုံးလေးတစ်ချက်ပြုံးလိုက်ကာ ဘေးက ဖြူကိုကြည့်လိုက်သည်။

 ℎ𝑎𝑝𝑝𝑦 𝑠𝑡𝑟𝑜𝑦 𝑎𝑛𝑑 𝑠𝑎𝑑 𝑠𝑡𝑟𝑜𝑦Where stories live. Discover now