ep1.

292 21 4
                                    

Unicode

"Mae မရဘူးနော် သားအာရုံနောက်တာတွေမကြိုက်ပါဘူးဆိုဗျာ"

"သားကလည်း အခုဟာကအာရုံနောက်စရာမှမဟုတ်နေတာလေကွယ်"

"အားကစားကလပ်နဲ့တင်မအား‌တာကို အခုကလေးပါထိန်းခိုင်းနေတာလား"

"Satangကဆိုးနေတဲ့ကလေးမဟုတ်ပါဘူး ပြီးတော့သူကအခုမှဘန်ကောက်ကိုပြောင်းလာရတာလေ အားငယ်နေရှာမှာ သားကအကြီးပဲ ဂရုစိုက်ပေးလိုက်ပါ"

Maeရဲ့မပြီးမစီးနိုင်တဲ့ နားချမှုတွေကြားမှာ သူခေါင်းကိုက်လာခဲ့ရသည်။ မိဘချင်းရင်းနှီးလို့ ငယ်ငယ်တုန်းကတစ်ခါပဲစကား‌ပြောဖူးတဲ့ ကလေးတစ်ယောက်ကို ဒီအရွယ်ကြီးကျမှ စောင့်ရှောက်ပေးရမယ်ဆိုတာ Winnyအတွက်တော့တကယ်ခေါင်းရှုပ်စရာပေ။

"Maeကကူညီပေးမယ်လို့ သူ့မိဘတွေကိုကတိပေးခဲ့ပြီးပြီ သားကအခုလိုလုပ်နေမယ်ဆို လူကြီးတွေကြားမကောင်းဘူးနော် ဒီမိသားစုနှစ်စုက စီးပွားရေးလောကမှာလည်း မိတ်ဆွေကောင်းတွေလိုနေလာတာ ဒီကိစ္စလေးတစ်ခုကြောင့်နဲ့ Maeနဲ့Phaw မျက်နှာမပျက်ချင်ဘူး"

"ပြီးရော သားလုပ်ပေးမယ် ဒါပေမဲ့သားသူ့ကိုတစ်ခါမှမမြင်ဖူးဘူးလေ"

"Satangကသားကိုသိတယ်လို့ပြောတယ် အဲ့တာမနက်ကျရင်ကျောင်းဂိတ်ဝမှာစောင့်နေလိုက် Maeစိတ်ချမယ်နော် Winny"

"........."

"Winny Thanawin"

"Khrub Mae"

စိတ်မကြည်လင်စွာနဲ့ဧည့်ခန်းထဲကနေထွက်လာပြီးနောက် အပေါ်ထပ်ကသူ့အခန်းကိုသာသွားပြီး အိပ်နေလိုက်တော့သည်။

ဘယ်သူကသိမှာလဲ အဲ့လိုလက်ခံပြီးနောက် သူ့ရဲ့နေ့ရက်တွေမှာ စိတ်ရှုပ်စရာကောင်လေးတစ်ယောက်ဝင်ရောက်လာမယ်ဆိုတာကို။
>>>>>>>>>>>>>>>>

Winnyတစ်ယောက် ဂိတ်ဝမှာစောင့်နေရင်းနာရီကိုကြည့်လိုက်သည်။ စလာကတည်းက နောက်ကျနေတာ မကြည်လင်နေတဲ့သူ့စိတ်လေး ပိုတောင်နောက်ကျိသွားရသည်။

"P' Winny...P' Winny"

အဝေးကြီးထဲကနေ အမောတကောပြေးလာတဲ့ အကောင်လုံးလုံးကိုကြည့်ပြီး Winnyမျက်မှောင်ကြုံ့လိုက်မိသည်။

My Dumb Junior!!Where stories live. Discover now