"ထယ်ယောင်း မနက်ဖြန် မင်းရှူတင်ပြီးရင် ငါတို့ ညစာသွားစားကြမလား။"
"အမ်!!! မရလောက်ဘူး မနက်ဖြန်
ဂျောင်ကုနဲ့ အပြင်သွားဖို့ချိန်းထားတယ် ""မင်းကလဲကွာ... တစ်ရက်လောက်တော့ ငါတို့နဲ့ အပြင်လေးဘာလေး သွားပါအုံးကွ၊ ရည်းစားနားဘဲ ကပ်နေတယ်။ "
"မဟုတ်ပါဘူးကွာ....ငါက ချစ်လို့ပါနော်၊ နောက်ပြီး ဂျောင်ကုက ငါ့ကိုစိတ်မချလို့ သူနဲ့ဘဲ အပြင်သွားဖို့ပြောထားလို့ပါ။ "
"မင်းရည်းစားက မဟုတ်သေးပါဘူးကွာ...သူငယ်ချင်းတွေနဲ့သွားမှာဘဲ ဘာကို စိတ်မချဖြစ်နေရတာလဲ။ "
"မင်းကလဲ ရည်းစားကြောက်တာ လွန်လွန်းတယ်။ "
"ငါ သူ့ကိုပြောကြည့်ပါအုံးမယ်၊ မရရင်ငါစိတ်ကောက်ပလိုက်မယ် အဲ့တာဆိုသူ ခွင့်ပြုမှာပါ။ "
"အေးပါကွာ....မင်းကိုတော့ လက်လန်တယ်။ "
>>>>>>>>>>>>>>>>>>>
"ဂျောင်ကု....ငါမင်းကိုပြောစရာရှိတယ်။ "
"အွန်း!! ပြောလေ ထယ် ..."
"ငါမနက်ဖြန် သူငယ်ချင်းတွေနဲ့လျှောက်သွားချင်တယ်။ "
"မသွားရဘူး။ "
*ဘာမှမတွေးဝေးနေဘဲ ခပ်ပြတ်ပြတ် အလျင်အမြန်ပြောလိုက်သော စကားတခွန်း။ *
"ဘာလို့လဲ....ငါ့သူငယ်ချင်းတွေနဲ့ dinner သွားစားမလို့။ "
"မသွားရဘူး ထယ်...ကိုယ်ဘာလို့မသွားခိုင်းနေတာလဲ မင်းမသိဘူးလား။ "
"သိပါတယ်....မင်းငါ့ကို စိတ်ပူလို့ဆိုတာ "
"သိရင်မသွားရဘူး။ "
"ဂျွန်ဂျောင်ကု....မင်းငါ့ကို တားပိုင်ခွင့်မရှိဘူးနော်။ ငါ မနက်ဖြန် သူငယ်ချင်းတွေနဲ့ dinner သွားစားမယ် ဒါဘဲ။ "
"ထယ် ကိုယ်မင်းကို ကောင်း"မွန်"ပြောနေတာနော် မသွားရဘူးလို့။ "
"မင်းက ရန်ဖြန်ချင်လို့လား ဟမ်!!!ဂျွန်ဂျောင်ကု.... ငါ သွားမယ် မနက်ဖြန်ည။ "
*ထိုသို့ပြောပြီး ထွက်သွားမည်အလုပ် သန်မာသော လက်တစ်စုံ၏ ပွေ့ချီခြင်းကို ခံလိုက်ရလေသည်။ *
"လွှတ်...ငါ့ကိုလွှတ်.... ဘယ်ခေါ်သွားမလို့လဲ။ "
"ကိုယ့်စကားနားထောင်လာအောင်လုပ်မလို့။ "
*ထို့နောက် ထယ့်အား ရေချိုး ဇလုံထဲသို့ ထည့်ပြီးနောက် လက်နှစ်ဖက်အား အပေါ်သို့မတင်ကာ ကြိုးနဲ့ တုပ်ထားလိုက်လေသည်။ *
"ဂျောင်ကု...မင်းဘာလုပ်တာလဲ....မင်းရူးနေတာလား၊ f**k!!!!"
"ဟုတ်တယ် ကိုရူးနေတာ မင်းကို ချစ်လို့ရူးနေတာ မင်းကို့စကားကို နားထောင်သင့်တာ ပေါ့ အစထဲက။ "
*ထို့နောက်ရေဘုံဘိုင်အား ရေဖွင့်ချလိုက်လေသည်။ *
"ထယ်....ကို မင်းကို ချစ်တယ်ဆိုတာ သိတယ် မဟုတ်လား၊ ကို့စကားကိုနားထောင်ပါနော်။ "
"ဂျောင်ကု....မင်းဘာတွေ အရူးထနေတာလဲ၊ ငါ့ကိုအပြင်ထုတ်ပေးပါ...ငါမသွားတော့ဘူး နော်၊ ရေပိတ်လိုက်ပြီး အပြင်ထုတ်ပေးလို့အခု ငါ ရေမွှန်းလာပြီ။ "
"ထယ် တကယ်မသွားဘူးမဟုတ်လား၊ ကို က တခြားသူတွေနဲ့ ထယ် လျှောက်သွားနေမှာကို သဝန်တိုလို့ပါ ကိုစိတ်မချဘူး၊ ကို့အနားမှာဘဲနေပါနော်။ လာကို ချီသွားမယ် ပြီးရေတွေသုတ်ပေးမယ်။ "
*ထို့နောက်ရေ ဘုံဘိုင်အား ပိတ်လိုက်ပြီးနောက် ထယ်အား ချီကာ အိပ်ရာပေါ်သို့၌တင်ထားလိုက်ပြီး တဘတ်နှင့်ရေများစင်သွားအောင် သုတ်ပေးလိုက်လေသည်*
*ထို့နောက်ထယ့်အား ရင်ခွင်ထဲ ထည့်ထားလိုက်ပြီး
"ကိုတောင်းပန်ပါတယ်နော် ကလေး ကိုအရမ်းစိတ်ဆိုးမိသွားလို့ ကို သေသင့်တယ်မဟုတ်လားထယ်။ "
"မင်းအပြစ်မဟုတ်ပါဘူး၊ ငါမင်းကိုအပြစ်မမြင်ပါဘူး၊ ငါမင်းကိုချစ်တယ် ဂျောင်ကု။ "
"ကိုလဲ ထယ့်ကို ချစ်တယ်နော်၊ အရမ်းချစ်တယ်ကလေးငယ်။ "
*ဂျောင်ကုရယ်....မင်းငါ့ကို ဒီလိုတွေ ထပ်ပြုမူနေရင်တောင်ငါမင်းကိုဆက် ခွင့်လွှတ်နေမိမယ်ထင်တယ် အဲ့တာငါမင်းကို အရမ်းချစ်နေမိလို့လေ ဂျောင်ကုရယ်။ *
_Yuna Jeon.
Taekook is my real happiness.
YOU ARE READING
Sweet but psycho (Short )
Mystery / Thrillertaekook psycho type ဖတ်ချင်သောသူများအတွက်။