"အဲ့ဖက်တွေမှာအိမ်ရှာဖို့ဆိုတာမလွယ်ဘူး သူဌေးရပ်ကွက်လေ သူတို့မှာကသားတစ်ယောက်ရှိပဲတယ်"
"ဒါပေမဲ့..."
"မင်းအေးဆေးနေရတာကိုကြိုက်တာဦးလေးသိပါတယ်
ငါမနေ့က မင်းအတွက်သွားတောင်းဆိုပေးတာလက်ခံလိုက်ပါ""ကျွန်တော်စဥ်းစားလိုက်ဦးမယ်"
"ဒါဆိုလည်းသဘောပါပဲ မင်းမနေချင်လည်းဦးလေးကတစ်ခြားနေရာရှာပေးမယ် သူ့သားကမင်းနဲ့ သိပ်မကွာလောက်ဘူး ကျောင်းတောင်တူသေးတယ် မင်းလည်းသူငယ်ချင်းရတာပေါ့ အဲ့ကလေးကထူးခြားတယ် သူ့ဆံပင်တွေကမွေးရာပါဖြူနေတာ နာမည်က zuo..ဘာတဲ့zuohang တဲ့"
ဦးလေးပါးစပ်မှထွက်လာတဲ့နာမည်ကြောင့် zhang ji မျက်လုံးများအရောင်လက်သွားတယ် စိတ်ထဲမှာလဲ
'မဟုတ်မှလွှဲရောသူများလား '
"ဦးလေးပြောသလိုပဲ ကျွန်တော်အဲ့အိမ်မှာပဲနေမယ်"
"ဟေ..လက်ခံလိုက်ပြီလား စိတ်အပြောင်းအလဲကလဲမြန်လိုက်တာ"
Zhang ji ဦးလေးဖြစ်သူကိုရယ်ပြလိုက်ပြီး
"ဘယ်နေ့သွားရမှာလဲ"
"သူတို့ကဒီနေ့ပြောင်းလာလဲရတယ်လို့ပြောတယ်"
"ဒါဆိုကျွန်တော်လိုအပ်တာတွေ သွားသိမ်းတော့မယ်နော်"
"အေ..အေ.သွားသွား"
_________________"လိလီ အပေါ်ထပ်ကအခန်းတစ်ခန်းကိုသန့်ရှင်းရေးလုပ်ထားထားလိုက်"
"ဟုတ်ဆရာ"
လိလီ ဆိုတာကအသက်သုံးဆယ်ကျော် အိမ်ဖော်အဒေါ်ကြီးကိုပြောခြင်းဖြစ်သည်
"ဘာအတွက်လဲ ယောင်္ကျား"
"Lao Zhang ရဲ့တူလေး ဒီနေ့နေ့လည်လောက်ကြရင် ပြောင်းလာတော့မယ်တဲ့ သူ့ကိုဂရုစိုက်ပေးပါအုန်း သားကိုလည်းပြောထားလိုက်"
"ပြောင်းလာတော့မှာလား ကောင်းတာပေါ့ သားလည်းသူငယ်ချင်းတိုးတာပေါ့ စိတ်ချသူလာကြရင်ကျွန်မဂရုစိုက်ထားပေးလိုက်မယ်"
သူ့စကားကြောင့်ယောင်္ကျားဖြစ်သူက သူကိုပြုံးပြလာပြီး
"မင်းကိုပဲအားကိုးရတော့မယ်"