Part 3

8 2 0
                                    

Zuohang သဘက်ကိုဆွဲယူလိုက်ချိန်မှာ တစ်ဖက်လူကပါလာပြီး သူ့ပေါ်သို့်ပြုတ်ကျလာတယ် တစ်ဆက်တည်းမှာပဲသူ့နှုတ်ခမ်းပါးက နွေးခနဲခံစားလိုက်ရလိုက်သည်

သူဘာလုပ်ရမှန်းမသိနှလုံးကခုန်တာမြန်လာပြီး သူတစ်ဖက်လူရဲ့မျက်လုံးကိုကြောင်ကြည့်မိနေတယ် စက္ကန့်အနည်းငယ်ကြာတော့သူသတိဝင်လာပြီး
ကိုယ်ပေါ်ကလူကိုအားကုန်တွန်းလိုက်တယ်

ရုတ်တရက်အားကုန်တွန်းခံလိုက်ရတာကြောင့် ကျောနှင့်နံရံဆောင့်သွားပြီး
နောက်ကျောဖက်ကတော်တော်နာသွားသည်

Zhang Ji နောက်ပြန်လဲကျသွားတာကိုအခွင့်ကောင်းယူပြီး

zuohang က zhang ji ရဲ့လက်နှစ်ဖက်လုံးကို နောက်ပြန်ချုပ်လိုက်ထားလိုက်တယ်

"အာ့!...."

"ပြော..မင်းဘယ်သူလဲ..ဘာလို့ဒီအခန်းထဲရောက်နေတာလဲ
မင်းငါ့ကိုအိမ်ကနေဘာတွေခိုးပြီးပြီလဲ"

Zuohang လေသံမာမာနဲ့မေးလိုက်တယ်

"ငါ့ကိုလွှတ်..ငါရှင်းပြမယ်"

အမှန်တကယ်တော့ Zhangji Zuohang ကိုမနိုင်တာမဟုတ်
သူအတင်းလုပ်လိုက်လျှင် ထိုလူသားလေး ထိခိုက်သွားမှာကိုမလိုလားခြင်းပင်

"ဘာရှင်းပြမှာလဲ..မင်းကိုရဲလက်ထဲအပ်ပြစ်မယ်...မား...မားဒီကိုလာပါအုန်း
ကျွန်တော်သူခိုးကိုဖမ်းမိထားတယ်"

Zuohang အသံကြောင့်  Suxinhao ကဝင်လာတယ်

"ဘာတွေဖြစ်နေတာလဲ သူကဘယ်သူလဲ Xiao Zuo "

Suxinhao zhang ji ကိုကြည့်ပြီးမေးလိုက်တယ်

"Xiao Su လာ မင်းလာတာနဲ့အတော်ပဲ ငါသူခိုးဖမ်းမိထားတယ်
လာ သူ့ကိုလာချုပ်ကူအုန်း"

Suxinhaoလည်းထိုလူကိုတစ်ခါမှမတွေ့ဖူးတာကြောင့် သူခိုးအထင်နဲ့ zuohang စကားနားထောင်ပြီး zhang ji ကိုချုပ်ထားလိုက်တယ်

"ငါ့ကိုလွှတ်..မင်းတို့မှားနေပြီ ငါသူခိုးမဟုတ်ဘူး"

"ပါးစပ်ပိတ်ထား"

"ပြော!မင်းငါ့သူငယ်ချင်းအိမ်ကဘာတွေယူထားပြီးပြီလဲ"

"ငါမယူဘူး..ငါသူခိုးမဟုတ်ဘူး"

You've reached the end of published parts.

⏰ Last updated: Sep 23 ⏰

Add this story to your Library to get notified about new parts!

LEFTWhere stories live. Discover now