ကောင်းကင်ပေါ်၌မိုးဖွဲလေးတွေကတစ်ဖွဲဖွဲ။မိုးစက်တွေနဲ့အတူသူ့ရဲ့စိတ်ပူမှုတွေကလည်းဒီဂရီမြင့်လျက်။သူသိပ်ချစ်ရတဲ့မောင်ကအအေးသိပ်ကြောက်တဲ့သူမဟုတ်ပေလား။နေတွေပူပြန်တော့လည်းသူသိပ်ချစ်ရတဲ့လူသားလေးအဆင်မှပြေပါ့မလားလို့တွေးပူရပြန်။သူစိတ်ပူရလွန်းလို့မချစ်တော့ပါဘူးဆိုပြီးဆုံးဖြတ်ချက်ချပေမဲ့အချိန်တိုင်း၊စက္ကန့်တိုင်း၊မိနစ်တိုင်းကထိုသူကိုစွဲလမ်းနေခဲ့ပါသည်။
စားပွဲခုံပေါ်မှာရှိနေတဲ့ကော်ဖီပူပူနွေးနွေးကိုသောက်လိုက်ပေမဲ့သူ့ရဲ့ရင်ထဲကအပူကထိုကော်ဖီရဲ့အပူကိုတော့ပမွှားပင်။ထိုအချိန်သူ့ရဲ့မျက်စိရှေ့မှာစိုရွဲနေတဲ့အဝတ်တွေနဲ့သူ့ရှေ့ကမောင်ကြောင့်ရင်ထဲမှာအနှိုင်းမဲ့ခံစားရသည်။သူ့ကြောင့်မောင်သာတစ်ခုခုဖြစ်သွားခဲ့ရင်."ဟောဗျာ..မောင့်အသည်းအသက်လေးကမငိုရဘူးလေ.."
"အင့်....မောင်သာငါ့ကြောင့်.."
"အငိုသန်လေးရယ်..မောင့်ကိုချစ်ရင်အဲ့လိုမသုံးရဘူးနော်.."
ချော့တဲ့ကလေးပိုငိုလေဆိုသည့်သဘောဆိုသလိုသူ့ရှေ့ကကောင်းဆက်ရဲရင့်လေးကတော့ငိုနေတာများကိုက်ဆွဲချင်စရာ။သိပ်ချစ်လွန်းလို့ဒီမောင်ကဖွက်ထားရင်လွန်မယ်မထင်ပါဘူးနော်။
"လာပါအုံး..မောင့်ရဲ့ခလေးလေး.."
"ဟွန့်..ငါ..ငါကလေမင်းထက်အသက်ကြီးတယ်အရူးရဲ့"
သူ့ရင်ခွင်လေးထဲဝင်ကာသူအသက်ကြီးပါကြောင်းပြောတဲ့ဒီခလေးကြီးကသိပ်ချစ်စရာ။မဟုတ်သေးဘူးသိပ်ပြီးချစ်ဖို့ကောင်းတာထက်ပိုတယ်။
"ဟုတ်ပါပြီဗျာ..ဒီကခလေးကြီးကိုသိပ်ချစ်လို့ဟောဒီလိုမျိုးအပိုင်သိမ်းပစ်တာ..မွမွ"
"လူတွေရှိတယ်လေ..မောင်"
အမူပိုစွာသူရှက်ပါကြောင်းပြောတဲ့ဒီခလေးကြီးကအူယားဖို့ကောင်းလိုက်တာ။အခုပဲလက်မှတ်ထိုးပြီးလက်ထပ်လိုက်မှဖြစ်တော့မယ်။သူ့ခလေးကြီးကသူ့အပိုင်ပါဆိုပြီးတစ်ကမ္ဘာလုံးကိုအော်ပြောပစ်မယ်။
လှိုင်းရတီသွင်#
--------------------------------------------------------
ကောင်းလားဟင်...စာကြောင်းတိုသဝါးလို့တောင်းပန်ပါတယ်