💟1,

1.4K 79 5
                                    

ရှေးယခင်ထဲက နတ်ကတော် အလုပ်ဟာ အခြောက်ဖြစ်မှ လုပ်ရမည်ဟု မသတ်မှတ်ခဲ့ပါ။တစ်ချို့ နတ်ကနားတွေမှာ အမှန်တကယ်ဝင်ပူးသည်များလည်းရှိသလို တစ်ချို့နတ်ကနားတွေမှာလည်း အလိမ်အညာများရှိခဲ့ကြသည်။ရှေးယခင် ဘိုးဘေးဘီပင်ကတည်းက နတ်ပူး နတ်ဝင် ခဲ့သည် လူများဟာ ယောကျာ်းသားများရှိခဲ့သလို မိန်းမသားများလည်းရှိခဲ့သည်။နတ်ကတိုင်း အခြောက်ဆိုရင်ဖြင့် နတ်ဝင်ပူးပြီး ဝင်ကခဲ့သော ယောကျာ်းအရင့်မာကြီးများက သူ့သားသမီးများဖြင့် အခုချိန် လှမ်းရီနေကြရော့မည်။

အခုခေတ်မှာတော့ နတ်ကနားများဟာ အခြောက်များဖြင့်သာ ကကြတော့သည်။တစ်ချို့သူများဟာလည်း ယောကျာ်းသားပီပီသသဖြင့် ကိုးကွယ်မူ့ကြောင် နတ်ကနားကကြသည်။ဂရုံးတော့အဖွဲ့ဟာတော့ ယောက်ကလျာများဖြင့်သာ ဖွဲ့စည်းထားသည်။

" အစီရေ ဟဲ့အစီမရေ ငါခေါ်နေတာကြာပြီနော် "
"အမလေး အတူးမရယ် ငါအပြင်လေးခနထွက်တာကို ဖြစ်နေလိုက်တာအေ "
"ဟဲ့ နင်မသိပါဘူးအစီမရယ် ထိဂရုံးကိုရှာစမ်းပါအေ အာ့ကောင်မကလည်း အရေးကြီးချိန်ဆိုပျောက်ပြီ"
"ဟဲ့ ငါကအပြင်ကအခုမပြန်လာတာပါအေ နင်တောင်မသိတာငါကဘာကြောင့် သိရမတုန်းတော်"

လမ်းပေါ်မာ ပုဆိုးအားထမိန်လိုဝတ်ထားသော အမျိုးသားနှစ်ဦးအားကြည့်၍ ကဲ့ရဲ့နေကြသော မိန်းအကြီးများအား သူတို့ နှစ်ယောက်မှာ သတိမထားမိပါပေ။အတူးဆိုသည့်တစ်ယောက်မှာ ပိန်ပိန်ပါးပါး အသားနည်းနည်း ညိုပြီး ဆံပင်မှာ ဂုတ်ဝဲ ဖြစ်ပြီးဆံပင်ပါးသည်။ အရပ်မှာ တောတော်ရှည်ပြီး မျက်နှာ တွင် မိတ်ကပ်များ ပါးနီများအား ချယ်လိမ်းထားသည်။ ဘေးမှ အစီဆိုသူမှာတော့ အရပ်မှ နည်းနည်းပုပြီး လူကောင်သေးသည်။ ဆံပင် ကောက်ကောက်ကလေးများမှာ အရှေ့တို့ ခပ်ဝဲဝဲလေးချထားပြီး စကားဝါပန်းလေးပန်ထားသည်။အသားမှာ ဝါမလိုလို ဖြူမလိုလိုလေးဖြစ်ပြီးပါးမှာ သနပ်ခါးလေးကွက်ထား သည်။

" အတူးနဲ့ အစီရေ ဂရုံးဒီမာတော့"

လမ်း၏မီးတိုင်အောက်တွင် ဆံပင်က ကျောလယ်လောက်ထိရှိပြီး ခန္တာကိုယ်အပေါ်ပိုင်းတွင်  လက်တိုအင်ကျီဝတ်ထား၍ အောက်ပိုင်းတွင်တော့ ပုဆိုးအား ထမိန်အဖြစ်ဝတ်ထားပြီး လှပတော့ ယောက်ကျားပျိုတစ်ဦးအား တွေ့ရပေမည်။သူသည်ကား လူအများပြောကြသော နတ်ကတော် ထိဂရုံးပင်ဖြစ်သည်။ သူ၏ အသက်မှာ 28ဖြစ်ပြီး အသက်နှင့် မလိုက်နုပျိုနေမူ့မှာတော့ တစ်ချို့ယောက်ကျားသားများ၏ လက်တည့်စမ်း ချင်နေကြသည်။ တစ်ချို့မှာဘူး ဒီလောက်ချောမောလှပသော ယောက်ကျားပ်ျုအား မမြင်ဘူးသည့်နှယ် မျက်စိ အရသာခံကြည့်နေကြသည်။

မောင့်ထိဂရုံး!Horror!Where stories live. Discover now