ဒီနေ့ဆို ဂရုံး ရန်ကုန်မြို့ကိုရောက်တာ ၁လပြည့်ခဲ့ပြီ အဆောင်မှာနေပြီး မောင့်အကြောင်းတွေကိုစုံစမ်းတာလောက်ပဲ ဂရုံးလုပ်ဖြစ်ခဲ့တယ်။မောင့်ရှေ့ကိုတော့ ပေါ်မပြသေးပေ။ဂရုံးေတွးမိတာက မောင်က gay barတို့ gay party တို့တောင် သွားတယ်ဆိုသောကြောင့် ဂရုံးတော်တော်အံဩခဲ့သည်။မောင်က gayဖြစ်သွားတယ်ဆိုတာတောင် ဂရုံးမသိခဲ့လိုက်ရပေ။ဟုရင်လည်း ဟုမှာပေါ့ မောင်က ဂရုံးကိုတောင် ချစ်တယ်ပြောခဲ့သေးတာပဲလေ။ဂရုံးအဆောင်မှာ ခင်တဲ့တစ်ယောက်ကလည်း sexy ukeလေးပဲဖြစ်သည်။သူက ဂရုံးကို စရောက်ကတည်းက အဖော်နေပေး စကားပြောပေးခဲ့တာဖြစ်သည်။ဒီညလည်း သူက gay party တစ်ခုကို သွားမှာဖြစ်လို့ ဂရုံးကိုအဖော်လိုက်ပေးပါလားဟုလာခေါ်သွားခဲ့သည်။အခုဆို သူက ဂရုံးကို သူ့စိတ်ကြိုက်ပြင်ပေးနေလေသည်။မိကပ် ပါးပါးလေးပဲ ခံတက်သော ဂရုံးအဖို့ သူထွေထွေထူးထူး သိပ်မပြင်ခဲ့ပေ။ဆံပင်ကိုလည်း အပေါ်သို့ မြှောက်ထုံးလေး နဲ့ အမွေးညင်းနုေလးတွေကို သူချထားပေးသည်။ဂရုဲးဆံပင်က နက်မှောင်ပြီး အုံထူသောကြောင့် အခုဆို ခေါင်းပေါ်မှာ ဆံထုံးမြင့်မြင့်လေးဖြင့် ကြည့်၍ကောင်းနေတော့သည်။
"ဂရုံးရေ ငါလည်းပြီးပြီ နင် အကျီ လဲလိုက်တော့ ရော့ ဒါလေးဝတ်ခဲ့နော် ငါတစ်ခါမှမဝတ်ရသေးဘူး"
"ဟယ် ငါ့အကြိုက်အရောင်ပဲ ဒါမဲ့ ဒီအကျီက အနောက်က နည်းနည်းကျယ်နေလားလို့ ငါနဲ့အဆင်ပြေပ့မလား"
"ဝတ်ကြည့်စမ်းပါ ငါပုလဲကြိုးလေးလည်း ယူလာသေးတယ် နင်ဝတ်ပြီးမှ ငါသွယ်ပေးမယ် နင်နဲ့ဆိုတော်တော်လှမှာဟ"
"အေးပါ အာ့ဆို ငါသွားလဲလိုက်အုံးမယ်"
Gay နှစ်ယောက်ဆိုတဲ့အတိုင်းနှစ်ယောက်လုံးက အလှပဂေးလေးတွေဖြစ်သည့်အတွက် သိပ်ပြီး အဝတ်စားရွေးမနေရပေ။အချိန်ခနအကြာ ရေချိုးခန်းပွင့်လာပြီး အဝါရောင် လေးနဲ့ နတ်မိမယ်လေးအလား လှပနေသည့် ဂရုံးအား သူမျက်စိမမှိတ်ပဲကြည့်နေမိသည်။ဖြူဖွေးသော အသားရေ နတ်မှောင်နေသော ဆံပင် လှပနေသောမျက်နှာ သေးသွယ်နေသောခါး ညုပ်ရိုးအပေါ်က မှည့်နက်ကလေး ရင်မရှိပဲ မိန်းမများထက် နန်းဆန်ပြီး လှနေသော ဂရုံးအား သူအားကျငေးမောနေမိသည်။ထိုအချိန် သူ သတိထားမိသွားတာက ဂရုံးရဲ့ ရှည်သွယ်နေသည့် ခြေထောက်ဖွေးဖွေးလေးတွေဖြစ်သည်။
YOU ARE READING
မောင့်ထိဂရုံး!Horror!
Short Story"သွေးဆိုတာက သူတို့နဲ့ထိုက်တန်လို့ကျတာပါမောင်"..................