Part5

22 5 0
                                    

Unicode..

🦋ရှိုင်းရဲ့ဆည်းဆာ ကိုကိုရဲ့လိပ်ပြာ 🦋

🤍အပိုင်း(၅) 🤍

.................

"အယ်...လှလိုက်တာ ဆည်းဆာရယ်..."

"မမီကတော့ မြှောက်ပြီ"

"တကယ် ပြောတာပါနော်။ဆည်းဆာ ဝတ်ထားတဲ့ပုံကို မြင်တာနဲ့ လောင်းကြေးထပ်မလား။၁၅မိနစ်အတွင်း အော်ဒါတွေ တန်းစီလာမှာ သေချာတယ်"

မီပြောသည့် စကားကို မှန်ရှေ့မှာ ရပ်နေသည့်ကောင်မလေးက အရှက်သည်းစွာ ရယ်ပြလာသည်ကြောင့် ကိုယ်ပါ လိုက်ရယ်မိသည်။

ဆည်းဆာဆိုသည့် မိန်းကလေးဧထူးခြားချက်က သူမအပြုံးကို မြင်လိုက်တာနဲ့ ဘေးလူပါ အပျော်တွေ ကူးစက်လာသည်။

အရောင်က စိမ်းဖန်ရောင်အဖျော့လေး...
ဆွဲသားခါးတိုအင်္ကျီပုံစံလို့ ထင်ရပေမဲ့ ချက်မပေါ်ရအောင် အဖြူဇာပါးလေးကို အောက်ဖျားပိုင်းမှာ တွန့်ကာတွဲဆက်ထားသည်။

လည်ပင်းမှာ Vပုံစံတစ်စောင်းလေးဖြစ်နေသည်က ထိုအင်္ကျီရဲ့စတိုင်သစ်ဟု ဆိုရ
မည်။ထို့အပြင် Vပုံစံဟိုက်နေသည့် လည်ပင်းမှာ ပလက်တီနမ် designသစ်ဆွဲကြိုးများကို လိုက်ဖက်ညီအောင် ဆွဲထားသေးသည်။

ပေါင်တို ဂျင်းပြာဘောင်းဘီကို တွဲစပ်ကာဝတ်ထားသည်။ပေါင်တိုဟု ဆိုရ‌သော်လည်း တစ်လက်မခန့် အကွာထားပြီး တွဲဆက်ထားသည့် လက်တစ်ဆစ်ခန့် ကြိုးဇာနက်များမှာခြေမျက်စိထိ ဖုံးနေသည်။

ဆံပင်ကို မြင့်မြင့်မြှောက်၍ ထုံးထားပြီး ပုခုံးပေါ်ထိရှည်သည့် 'နား' နားကဆံနွယ်စတချို့ကိုချထားသည်ကြောင့် ကလေးဆန်မှုက ထင်ရှားစွာပေါ်လွင်နေပေသည်။

သဘာဝအတိုင်းရှိသည့် အသားရည်ကြောင့် မိတ်ကပ်ပင် အနည်းသာ သုံးထားသလို ပင်ကိုယ် ချယ်ရီရောင်နှုတ်ခမ်းလေးက အရောင်တင်စရာပင် မလိုအောင် သူ(မ)အလှက သဘာဝကို ဖော်ညွှန်းထားပေသည်။

"အို!!I forget!!!"

‌မီ ခေါင်းဖြီးကို ကိုင်ကာအလန့်တကြား အော်မိသည်။

"ဘာကိုလဲ?မမီ..."

"နားကပ် လိုနေသေးတယ်လေ..."

"အာ..."

ရှိုင်းဧဆည်းဆာ (Or) ကိုကိုရဲ့လိပ်ပြာWhere stories live. Discover now