ᴇᴘ-𝟿

197 24 10
                                    

🖇

ဆောနူနဲ့ ချိန်းထားတဲ့ ကော်ဖီဆိုင်ကို ဟီဆွန်း ရောက်တော့ ဆောနူ မရောက်သေးပေ။
ဟီဆွန်းက အရင်ရောက်နှင့်နေခဲ့သည်။

အီဟီဆွန်းရဲ့ ပုံစံက နှာတံချွန်မြမြ ဆံပင်ခပ်နက်နက်ကို နဖူးပေါ်အောင် လှန်သိမ်းထားပြီးတော့ သမင်မျက်လုံးကြည်တောက်တောက်ကို ပိုင်ဆိုင်ထားတယ်။

ဘယ်နေရာရောက်ရောက် ထင်းထွက်နေပြီး မိန်းကလေးတွေရဲ့ အမြင်အာရုံထဲ ချက်ချင်းဝင်ရောက်လာအောင် ဆွဲဆောင်နိုင်တဲ့ ရုပ်ရည်မျိုး ရှိသည်။
သူ သဘောကျနေတဲ့လူကိုတော့ အခုထိ မဆွဲဆောင်နိုင်သေးတာက အားနည်းချက်ပေါ့။

ဟီဆွန်း ရောက်နေတာလည်း နာရီဝက်လောက်ပဲ ရှိပါသေးတယ်။
သူ ဆောနူကို ထိုင်စောင့်ရင်း သူငယ်ချင်းရဲ့ ဆိုင် မီနူးထဲက တချို့ကို ကူပြီး စမ်း, စားကြည့်ပေးကာ ဝေဖန်လေကန် လုပ်နေလိုက်သည်။

" ဟီဆွန်း ဟျောင်း !! "

ရုတ်တရက် ကြားလိုက်တဲ့ ရင်းနှီးနေတဲ့ အသံကြောင့် ဟီဆွန်း ဆိုင်တံခါးဘက်ကို လှည့်ကြည့်လိုက်မိတယ်။
အကြည့်ချင်းဆုံမိတော့ ဟီဆွန်းက ပြုံးပြလိုက်တယ်။

" အာ.. ဆောနူ ရောက်လာပြီလား "

" ဒါက ' ထယ်ဂျွန်း ' ဒီဆိုင်ပိုင်ရှင်ပါ " ဟီဆွန်းက ဆောနူကို Cafe ဆိုင်ပိုင်ရှင် သူ့သူငယ်ချင်းနဲ့ မိတ်ဆက်ပေးလိုက်သည်။

" ဟီဆွန်းဆီကနေ ဆောနူရဲ့ အကြောင်းကို အများကြီး ကြားဖူးပါတယ်.. ။ နောက်ဆုံးတော့ လူချင်း တွေ့ရပြီပဲ.. " ဆိုင်ပိုင်ရှင်လေးမှ အရင်ဆုံး ပြန်နှုတ်ဆက်လာ၏။

" တကယ်လား? ဘာတွေ ကြားဖူးလဲ.. သိချင်သွားပြီဗျ " ဆောနူက ရယ်ရင်း ပြန်ပြောလာသည်။

ဟီဆွန်းက ရှက်နေတဲ့ပုံနဲ့ ဝင်ဖြေခါနီးလေးမှာပဲ ရုတ်တရက် ဆောနူရဲ့ အနောက်ကနေ ကောင်လေးတစ်ယောက် ဆိုင်ထဲ အတူတူ လိုက်ဝင်လာသည်။
ဝင်လာတဲ့ ကောင်လေးက ဆောနူဘေးနားမှာ ကပ်ပြီး ဘေးချင်းကပ် ရပ်လိုက်တယ်။

စကားဝိုင်းလည်း တိတ်ဆိတ်သွားတယ်။
ရုတ်ချည်းတိတ်ဆိတ်သွားတဲ့ အခြေအနေမှာ...

𝑴𝒚 𝑶𝒏𝒍𝒚 𝟏𝟐% (SunJake)Where stories live. Discover now