🖇
" ဘာလဲ သဝန်တိုနေတာလား "
" မဟုတ်ပါဘူး .. ဘာကို တိုရမှာလဲ "
" မင်းက သဝန်တိုလွယ်တာကို ငါသိသားပဲ "
" မှတ်မိပါသေးတယ် .. ဂျုံဆောင်းတို့ ဆောင်းဟွန်းတို့နဲ့ စစခင်ချင်း အရမ်း ရင်းနှီးတုန်းကဆို "
" တခြားသူကို ပိုချစ်သွားမှာစိုးလို့ .. တစ်ယောက်ယောက်က ထိုင်ငိုနေခဲ့တာလေ "
" အာ .. ရှင်း .. အရင်က အကြောင်းတွေကိုနော် "
" အန်တီလေးကိုပဲ သွားကူပေးတော့မယ် "
စနောက်နေတဲ့ ရှင်း' က အေးဆေးဆိုပေမဲ့..
ဆောနူ ရင်ထဲမှာတော့ ပူလောင်နေတာမို့ ရေသောက်ဖို့ မီးဖိုချောင်ထဲ ထွက်လာခဲ့လိုက်တယ်။ သူ့အတွေးတွေကတော့ သူ ငယ်ငယ် (၃) နှစ်သားလောက်က နေ့ရက်တွေဆီ ပြန်ရောက်သွားသည်။
" ဆောယောင်း နူနား "
" နူနူးလေး ဘာလို့လဲ "
" နူနား .. ရှင်း' ကို သဘောကျလား "
" အဲ့ဒါက .. နူနား သူ့ကို မကြိုက်ဘူးလည်း မဟုတ်ပါဘူး "
" မကြိုက်တာ မဟုတ်ဘူးဆို .. ကြိုက်တယ်ပေါ့ "
" အင်းး .. နူနားက ရှင်း ကို ချစ်ပေးတာ .. ဘာလို့လဲဆိုတော့ နူနူး သူငယ်ချင်းမို့လို့လေ "
" ချစ်လို့တော့ ရပါတယ် .. ဒါပေမဲ့ နူနား သူ့ကို သားဆီကနေ ခေါ်မထုတ်သွားပါနဲ့လား "
" နူနားက ဘာလို့ အဲ့လိုလုပ်ရမှာလဲ .. ကလေးလေး တစ်ယောက်က သဝန်တိုနေတာကိုးး "
" နူနားဆီ လာပါဦး .. နူနားက ဘယ်တော့မှ အဲ့လို မလုပ်ဘူးနော် ကတိပေးတယ် "
ရှင်း' အပေါ် အရမ်းခင်တွယ်တတ်တဲ့ သူ့မောင်သေးသေးလေးကို စိတ်မကောင်းစွာပြောရင်း ဆောယောင်းက ဖက်လိုက်တယ်။
----------------
" ရှင်းဂျယ်ယွန်း .. ထတော့သား .. ထတော့ နောက်ကျနေပြီ "
" ဘယ်အချိန် ရှိပြီလဲ အမေ "
" (၇) နာရီ ထိုးနေပြီ .. နှိုးစက် ဒီလောက်မြည်နေတာကို အိပ်နိုင်သေးတယ်နော် "
YOU ARE READING
𝑴𝒚 𝑶𝒏𝒍𝒚 𝟏𝟐% (SunJake)
Fanfic" များသောအားဖြင့် လူတွေက အချစ်ဦးနဲ့ လွဲတတ်ကြတယ်တဲ့ " 🌞🍃 ငယ်ငယ်တည်းက အတူတူကြီးလာကြတဲ့ ကောင်လေးနှစ်ယောက် အကြောင်းကို နူးနူးညံ့ညံ့လေးပဲ သွားပါမယ် 🥺🫶🏻 Jake and Sunoo have been friends as far as they can remember. While Sunoo is quite introverted a...