အခန်း ( ၂ )

40 8 4
                                    

" ဘယ်လိုလဲ Pan မနေ့ညကအခြေနေလေး " ဟု အလုပ်ရောက်တော့ Nida ‌ကမေးလိုက်ပါသည်။

" ကောင်းပါတယ် အစ်မရဲ့ "

" ဒါနဲ့ Pan ဘယ်တော့ဖွင့်ပြောမှာလဲ "

" Pan ဖွင့်တော့ဖွင့်ပြောမှာပါဒါပေမဲ့Pan အချိန်ယူရအုံးမယ်နဲ့တူတယ်၊ပြီးတော့ Khun ကလဲအတိတ်ကဖြစ်ရပ်တွေကြောင့် သူထပ်ချစ်မိမှာကိုကြောက်နေတယ် "

" သူက သူ့အတိတ်အကြောင်းပြောပြလိုက်လို့လား Pan "

" အင်း ဟုတ်တယ် အစ်မ "

" ကဲပါ ဟုတ်ပါပြီ Pan အချစ်ကတကယ်မှန်ရင်တော့ လွဲမှာမဟုတ်ပါဘူး "

" ဟုတ်ကဲ့ပါ အစ်မ Nida Pan လဲအဲ့လိုယုံကြည်ထားပါတယ် "

Pan နဲ့ Nida လဲစကားစဖြတ်လိုက်ကာ ကိုယ့်အလုပ်ကိုယ်သာပြန်လုပ်ကြပါသည်။ Pan ရဲ့အလုပ်ချိန်က မနက် ၉နာရီကနေ ညနေ ၅နာရီထိဖြစ်ပါသည်။

Pock ရဲ့ Blue Sky Coffee Shop မှာတော့ John နဲ့ Ink တို့သာရှိပြီး Pock ကတော့ ဆိုင်အတွက်လိုအပ်တာများထွက်ဝယ်နေပါသည်။

" ဟဲ့ John "

" ဘာတုန်း အစ်မ Ink "

" အစ်မ Pan က ငါတို့ရဲ့ အစ်မ Pock ကိုတကယ်ချစ်နေတာထင်တယ်နော် "

" ဟုတ်ရင်လဲဟုတ်မှာပေါ့ "

" အစ်မ Pock ဘယ်လိုတုန့်ပြန်မလဲမသိဘူးနော် "

" ကျွန်တော်ကတော့ သူလက်ခံမယ်လို့ထင်တယ် ဘာလို့ဆိုအတိတ်ကအတိတ်ပဲလေ "

" ဟုတ်ပါတယ်လေ "

Pock ကတော့ shopping mall တစ်ခုက market မှဈေးဝယ်ကာပြန်ထွက်လာပါသည်။

" အား "

" တောင်း တောင်း တောင်းပန်ပါတယ် "

" Pan "

" Khun "

Shopping mall အရှေ့တစ်နေရာတွင် Pock လူတစ်ယောက်နဲ့တိုက်မိခဲ့ပါသည်။ အဲ့ဒီလူကလဲ သေချာကြည့်လိုက်တော့အခြားသူမဟုတ် Pan ဖြစ်နေပါသည်။

I wanna be yours ( Completed )Where stories live. Discover now