နာမည်ကြီး အရက်ဆိုင်တဆိုင်မှာ စာပွဲထိုးဝင်လုပ်နေတဲ့ Kim Taehyung..သူစားပွဲထိုးလုပ်ပေးနေရတဲ့ အခန်းရှိရာသို့ မှာထားတဲ့ အမြည်းတွေလာချပေးဖို့ အခန်းတံခါးကို ကိုယ်လုံးလေးနဲ့ တွန်းဖွင့်ကာ မျက်နှာလေးကလည်းအပြုံးဆုံးပြုံးလိုက်သည်။
" မှာထားတဲ့ အမြည်းတွေရပါပြီခင်ဗျ "
စားပွဲပေါ်အမြည်းတွေတခုပြီးတခုချပေးကာ ပြန်ထွက်မလို့အလုပ်မှာ ထိုအခန်းမှာရှိနေတဲ့ ဧည့်သည် ယောကျားလေး လေးယောက်ရယ် မိန်းကလေး သုံးယောက်ရှိသည်..ထိုယောကျားတွေထဲက တယောက်ဟာ Taehyung ကိုလှမ်းခေါ်လိုက်ပြီး Taehyung ပြန်လှည့်အကြည့်မှာ ရှေ့သို့ ပိုက်ဆံတရွက်ပစ်ချပေးလာသည်..
" ခဏနေအုံး ရော့"
ရှေ့သို့ကျလာတာ ပိုက်ဆံကိုကြည့်ပြီး Taehyung မျက်ခုံးတချက်ပင့်လိုက်သည်။သို့ပေမယ့် ထိုလူကိုတော့ အလှဆုံးပြုံးပြကာ ကြမ်းပြင်ပေါ်ကျနေတဲ့ ပိုက်ဆံကိုလှမ်းကောက်လိုက်ချိန်
" မင်း တညတာလုံလောက်ပြီပေါ့ ငါ့နားလာပြီး လာဖျော်ဖြေပေးစမ်း "
ကောက်လို့ထားတဲ့ ပိုက်ဆံကိုလက်ထဲမှာဆုတ်ကိုင်လိုက်ပြီး
" လူကြီးမင်း ကျွန်တော်က ဝိတ်တာပါ ဖျော်ဖြေရေးသမားမဟုတ်ပါဘူး လူကြီးမင်းခေါ်ချင်တယ်ဆို ကျွန်တော်တို့်ဆိုင်မှာ ဖျော်ဖြေရေး ညီမလေးတွေခေါ်လို့ရပါတယ် ကျွန်တော်ခေါ်ပေးရမလား "
" ငါကမင်းကိုလုပ်စေချင်တာ ငါ့ပိုက်ဆံမင်းယူထားတယ်လေ လာစမ်းပါ တော်ရင်ဒီထက်ပိုပေးမယ် "
သူငယ်ချင်းဖြစ်သူနဲ့ ဝိတ်တာ အခြေအတင်စကားပြောနေကြသည်ကို ထောင့်စွန်းခုံကနေ အရက်ခွက်ကိုလှုပ်ရင်းထိုင်ကြည့်နေတဲ့ Jungkook..
Taehyung တယောက် သူကိုင်လို့ထားတဲ့ လင်ဗန်းကို လက်ဖြင့်ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်လိုက်သည်က အစ Jungkook မြင်သည်..ဘာလုပ်မလည်းဆိုတာကို အကဲခက်နေမိသည်..
Taehyung နားထဲ သူငယ်ချင်းဖြစ်သူရဲ့စကားကိုပြန်ကြားယောင်လာချိန်မှာ ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားတဲ့ လင်ဗန်းကို လျော့လိုက်ပြီး ခုနားသူ့ကိုခေါ်နေတဲ့ သူနားကို လျှောက်သွားကာ ပေးထားတဲ့ ပိုက်ဆံကို ခေါက်လိုက်ပြီး ထိုလူရဲ့အိတ်ကပ်ထဲ ပြန်ထိုးထည့်ပေးခဲ့ကာ အိတ်ကပ်ကိုလက်ဖြင့်ပုတ်ရင်း
YOU ARE READING
The Twin
FanfictionThreesome🚨 ရေးဖို့ သူငယ်ချင်းကတောင်းဆိုထားလို့ ရေးကြည့်မယ် ထုံစံအတိုင်း + ပါ