"Kim Taehyung Kim Taehyung မင်းကဘယ်သူလည်း "
အိပ်ခန်းထဲဒေါသတွေ အလှိမ့်လှိမ့်တက်ကာ ခေါက်တုန့်ခေါက်ပြန် လျှောက်ရင်း ဘယ်သူ ဘယ်ဝါမှန်းမသိတဲ့ သူကို စဥ်းစားနေမိသည်.. တကယ်တော့မနေ့က သူနဲ့သိပ်မရင်းနှီးတဲ့ အဖေသူငယ်ချင်းသားတွေနဲ့ အရက်တူတူသောက်ဖြစ်ကြရင်းထိုကိစ္စဖြစ်ခဲ့တာ..
သူ့အဖေသူငယ်ချင်းသားတွေနဲ့က မိတ်ဖြစ်ဆွေဖြစ်သောက်ဖြစ်ကြပေမယ့် သူနဲ့က လုံးဝType မတူ..ထိုလူတွေက မိန်းမတရုန်းရုန်းနဲ့ သောက်ကြပေမယ့် သူကတော့တပွေထဲသာ..အဲ့တာထက် ဝိတ်တာ ယောကျားလေးကိုပါထိကပါးရိကပါးလုပ်တာကိုပါ သူဘဝင်မကျခဲ့..ဒါပေမယ့် ဝိတ်တာက ဝိတ်တာ ဖြစ်မနေပဲ ပြသနာတွေကြီးသွားစေခဲ့တာ ခုတော့သူရဲ့ခေါင်းထဲတွေးစရာတွေရောက်လို့လာနေသည်..
" ငါတို့ကောင်ကြီး ငါတို့ကိုခေါ်ရတဲ့အကြောင်းအရင်းက "
အခန်းထဲ တယောက်ထဲ စဥ်းစားနေချိန် သူပင့်ခေါ်ထားလို့ရောက်လာကြတဲ့ သူ၏အရင်းနှီးဆုံးသူငယ်ချင်း 2ယောက်..
" ငါမင်းတို့ကို မေးစရာရှိလို့ "
" ထူးထူးစမ်းစမ်းပါလား အသဲအသန်ခေါ်မေးရလောက်အောင်ဘာတွေအရေးကြီး မေးဘာလည်း "
" Kim Taehyung ဆိုတဲ့ တယောက်ကိုသိလား "
"ဟ အစမရှိအဆုံးမရှိ နေပါအုံး မဟုတ်မှ ဝန်ကြီးသား Kim Taehyung ကိုပြောတာတော့မဟုတ်ပါဘူးနော် "
" mingu ပြောစမ်း သူရဲ့ပုံပန်းသဏ္ဍန်ကို "
" လူကောင်သေးသေးလေးလေ ငါတို့နဲ့ယှဥ်ရင် ပြီးတော့ စွာတယ်လေ ပြီးတော့လက်သန်လည်းပြောင်တယ် ထက်ပြီးပြောရရင် လှတယ်ချောတယ် မြင်တာနဲ့ သိသာတယ်ကွာ "
" ငါဘာလို့မသိရတာလည်း သူ့ကို "
" ငါတို့နဲ့ Type မှမတူတာ ငယ်ရွယ်ပြီးသွက်လက်တဲ့ထဲကပါတယ် ကလပ်မှာသာအချိန်ဖြုန်းနေတက်တဲ့ အလှလေးဆိုတော့ ငါတို့ထိုင်တဲ့ တိတ်ဆိတ်တဲ့ bar တွေမှာ သူမရှိဘူး "
" Eunwon မင်းတို့ကဘယ်လိုသိ "
" ဒါလား ခုလောလောဆယ် ငါတို့ကျောင်းကိုရောက်လာမယ်ဆိုပြီး သတင်းထွက်နေလို့ ငါတို့စုံစမ်းထားသလောက်သိရတာ "
YOU ARE READING
The Twin
FanfictionThreesome🚨 ရေးဖို့ သူငယ်ချင်းကတောင်းဆိုထားလို့ ရေးကြည့်မယ် ထုံစံအတိုင်း + ပါ