41 3 0
                                    

သွင့်ရဲ့ခေါင်းပေါ်မှာ ကြောင်ဖြူနားရွက်ဘီးကုပ်လေးက နေရာယူထားလျက်။ စူးရဲတဲ့မျက်လုံးစူးစူးလေးတွေရှိတဲ့သွင်က တကယ်တော့ တောကြောင်လေးနဲ့တူလွန်းတယ်လို့ ညီညီထင်သည်။ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့နေ့က သွင့်လက်သည်းရာလေးတွေ သူ့လက်ဖျံမှာရေးတေးတေးရှိနေဆဲ။ သွင်က ကြောင်လေးနဲ့တူပေမဲ့ ချစ်စဖွယ်ကောင်းလောက်အောင် ကစားလို့မရတာမို့ သွင့်ကို လှောင်ချိုင့်ထဲမှာဘဲထားကာ အလှကြည့်ရသလိုဖြစ်နေခဲ့၏။

ဒီနေ့တော့ သွင့်ကို အပြင်ခေါ်ထုတ်ပြီး သူ၀ယ်လာတဲ့ဘီးကုပ်ကိုအတင်း၀တ်ခိုင်းပြီး သူရေကူးနေတဲ့နေရာနားမှာငုတ်တုတ်ထိုင်ခိုင်းပြီးကြည့်နေတာက စိတ်ထဲတစ်မျိုးဖြစ်လာတာမို့

"ဟေ့ ဟိုနားကနေ ငါ့ဆီ လေးဖက်ထောက်ပြီးလျှောက်ပြကြည့်ပါလား..."

မျက်နှာလွှဲထားမိရာကနေ သွင် ညီညီကိုတအံ့တသြကြည့်မိသည်။ ဒီလူက သူ့ကိုနှိပ်စက်ဖို့နည်းလမ်းကို အပြင်းအထန်ကြိုးစားနေတာဘဲ။ သူ ဘာမှမပြောချင်တာမို့ မျက်နှာပြန်လွှဲပြီး ရေကူးကန်ကိုကျော်ကာ သစ်ပင်ရိပ်တွေဖြာကျလျက်ရှိတဲ့ဥယျာဥ်ကိုသာ တမေ့တမောငေးနေမိပေမယ့် မေးဖျားကနေပြန်ဆွဲယူခံလိုက်ရတဲ့ သူ့မျက်နှာနဲ့ ညီညီမျက်နှာဟာ နီးကပ်လျက်ရှိသွားတာမို့

"လွှတ် မင်းဘာဖြစ်ချင်နေတာလဲ"

"မင်း ငါ့ဆီလေးဖက်ထောက်လျှောက်လာတာကိုကြည့်ချင်နေတာလေ"

"ညီညီ ငါ လူကွ...လေးဖက်ထောက်လျှောက်တာသိပ်ကြည့်ချင်နေရင် မင်းမွေးထားတဲ့တိရိစ္ဆာန်တစ်ကောင်ကောင်ကိုကြည့်လေ"

ညီညီ တဲ့။ ဒီကောင်လေး ဒီလေးငါးရက်အတွင်း တတ်လာတဲ့အကျင့်တစ်ခုက သူ့ကိုစိတ်တိုလာရင်း ညီညီလို့ ခပ်မာမာခေါ်တတ်တာ။ ပြီးတော့ မင်း နဲ့ ငါလို့သုံးတတ်လာတာ။ ဒါပေမဲ့ ကျူပ်နဲ့ခင်ဗျားနဲ့ သုံးတာထက်တော့ နား၀င်ချိုတယ်လို့ သူခံစားရတယ်လေ။ အနည်းဆုံးတော့ နီမြန်းနေတဲ့နှုတ်ခမ်းပါးက ဒေါသသံထွက်လာတာက
သူ့ကိုဘာမှမပြောဘဲ အံ့ကြိတ်ထားတာထက်ကြည့်ကောင်းတယ်။

"ကျစ်...မင်းသိပ်လျှာရှည်တာဘဲ။ ငါ က လျှောက်ဆို လျှောက်လိုက်လေ။ မင်းကို ကိုကို့အကြောင်းပြောပြရင် ငါခိုင်းတာလုပ်မယ်လို့ မင်းပြောထားတယ်မလား"

ချစ်ခြင်းတည်စေWhere stories live. Discover now