_Choi's Precious_
ချွဲယောန်ဂျွန်း၏ဘဝဟာအမှန်ပင်သာယာပါသည်။ ဒီနေ့မနက်ခင်းဟာပုံမှန်ထက်ပို၍ပင် သာယာပါသေး၏ ။ အကြောင်းမှာကား ယောန်ဂျွန်းအားနှောက်ယှက်မယ့် ပထမနှစ်ကသကောင့်သားလေးအားမတွေ့ရသောကြောင့်ပင်ဖြစ်သည်။
ယောန်ဂျွန်းမှာသူနဲ့စတွေ့သည့်အချိန်ထည်းကအေးဆေးပင်နေ၍မရပါ။ အားတိုင်းယားတိုင်း မဟုတ်ဘူး မအားရင်တောင် ယောန်ဂျွန်းဆီကိုရောက်ရောက်လာတက်ပြီး နားကြားပြင်းကတ်အောင် 'ကိုကို'ဟုတောက်လျှောက်ခေါ်ရင်း ချစ်ပါသည်ဆိုကာ သာလိကာလို အချစ်ကြောင်းတွေတတွတ်တွတ်ပြောတက်သည်။ မိုးထိအောင်ရှည်သည့်အရပ်ကြီးနှင့်မှမလိုက် ယောန်ဂျွန်းရင်ခွင်ထဲကိုလည်းဝင်အောင်းတက်ပါသေး၏။
ချွဲဆူဘင်းဆိုသည့်သကောင့်သားဟာ မည်မျှပင် အနှောက်အယှက်ဖြစ်စေကာမူ ယောန်ဂျွန်းအတွက်တော့ ချစ်စရာကောင်းသည့် ယုန်လေးတစ်ကောင်သာ။ ဟုတ်ပါသည် ယောန်ဂျွန်းကိုယ်တိုင်ကလည်း အနှီသကောင့်သားအား အရမ်းတွေချစ်မိနေပြီဖြစ်သည်။ သို့သော်လည်း ဆိုးသွမ်းသည့်အကျင့်တွေမပြင်မခြင်း အဖြေမပေးဟုဆုံးဖြတ်ထားသည့်အတွက် ဖုံးကွယ်ထားရပါဦးမည်။
ယောန်ဂျွန်နှင့်ဆိုယုန်ပေါက်လေးဖြစ်သည့် ချွဲဆူဘင်းဟာ ဆရာမိဘတွေပင်မနိုင်လို့ လက်မြှောက်ထားရသည့်အဆိုးအဆာကောင်လေးပင်။ မိသားစုကြီးမှသခင်ငယ်လေးဖြစ်သည့်တိုင်အောင် ဆိုးသွမ်းလွန်းသည့်အကျင့်စရိုက်များရှိပါ၏။
ရုပ်ကလေးချောပြီး စာကိုလည်းတစ်ဖက်ကမ်းခပ်အောင်တော်လွန်းသော် ရန်ဖြစ်သည့်အကျင့်ဟာပြင်၍ပင်မရတော့ပေ။ တစ်ဆိတ်ရှိရန်ဖြစ်သည် တစ်ခုခုဆိုထိုးကြိတ်ပြီးမှအားရတက်သည်။ အလယ်တန်းအရွယ်လောက်ထဲက Cigarette ကလည်းစွဲနေသေး၏။
ထိုသို့သော အကျင့်တွေရှိသည့်လူဆိုးကောင်အားသူ(ယောန်ဂျွန်း)၏ချစ်သူနေရာကိုမပေးနိုင်ဟုယောန်ဂျွန်းတွေးထားသည်ကြောင့် ထိုအကျင့်ဆိုးတွေမပျောက်လျှင် ချွဲဆူဘင်းနှင့်သူဟာထာဝရကွေကွင်းရလိမ့်မည်။ အထက်တန်းနောက်ဆုံးနှစ်ဖြစ်သည့်ယောန်ဂျွန်းဟာ ဒီတစ်နှစ်ပြီးလျှင် Uniတက်ရတော့မှာဖြစ်တာကြောင့် ဆူဘင်းနှင့်တွေ့ရတော့မည်မဟုတ်ပေ။
YOU ARE READING
SoobJun/Yeonbin short Collection
FanfictionSoobJun | Yeonbin short Collection Choi Soobin X Choi Yeonjun _Hazel_