Crush On You

7 0 0
                                    

'Crush On You'

ချွဲယောန်ဂျွန်းကရှက်တက်ပြီးတော့ချစ်စရာကောင်းတဲ့ Introvert ကောင်လေးတစ်ယောက်။ မျက်မှန်အထူကြီးတပ်ထားလေ့ရှိပြီး စာကြိုးစားသည့်ယောန်ဂျွန်းလိုသူမျိုးက သူ့ထက်တစ်နှစ်ငယ်ပြီး စာကလွဲရင်ကျန်တာအကုန်စိတ်ဝင်စားသည့် ပြသနာအိုးကောင်လေးကိုချစ်မိရာမှတစ်လွဲတွေစတင်တော့သည်။

ချွဲဆူဘင်းဟူသည့် ကျောင်းဘောလုံးအသင်းကကောင်လေးဟာ စာတော်ပြီးစာလုပ်ရမှာပျင်းသည့်ကောင်လေး၊ ပြသနာလည်းရှာလွန်းတာကြောင့် ကျောင်း၏ပြသနာအိုးဟုခေါ်ကြကာ 'မင်းပြသနာရှာပုံနဲ့ တစ်သက်လုံးရည်းစားမရဘူး'ဟုခနဲ့သည့်သူများပင်ရှိသည်။

⋆⋆⋆⋆⋆⋆

"ယောန်ဂျွန်း ဘယ်ကိုလည်း!?"

ကျောင်းဆင်းတာနဲ့ ဘောလုံးကွင်းကိုပြေးတော့မည့်ယောန်ဂျွန်း၏လွယ်အိတ်ကြိုးကိုနောက်လှမ်းဆွဲကာ မေးသည့် သူငယ်ချင်းကြောင့် လိမ်ရပေဦးမည်။

မင်းကြောင့် ဆူဘင်းကိုငေးရမယ့်အစီအစဥ်ပျက်ရင် သေပြီသာမှတ် အီဒီနို!!။ ယောန်ဂျွန်းစိတ်ထဲကနေဒီနို့ကိုကျိန်ဆဲလိုက်သည်။

"အော် စာ-စာကြည့်တိုက်!"

"ငါ့ကိုပါခေါ်သွား.. "

"ဟင့်အင်း မခေါ်နိုင်ပါဘူး မင်း Vernom Hyungနဲ့ဒိတ်မှာဆို!?"

"အခုမဟုတ်တော့ဘူး"

"မဟုတ်လည်း မခေါ်နိုင်ဘူး ငါသွားတော့မယ်"

မျက်မှန်ကိုနောက်တစ်ခေါက်ပင့်တင်ရင်း ယောန်ဂျွန်းပြေးရန်ပြင်လိုက်သော်လည်း ဒီနိုကလွယ်အိတ်ကြိုးကနေဂုတ်ပိုးကိုပြောင်းဆွဲလိုက်တာကြောင့် ယောန်ဂျွန်းငိုမဲ့မဲ့လေဖြစ်သွားရသည်။

ဒီနိုကယောန်ဂျွန်းကိုသူ့ဘက်ဆွဲလှည့်ကာ နားနားကပ်ပြီး..

"မင်း.. ချွဲဆူဘင်းကိုသွားကြည့်မှာမလား"

"ဟွန်! ဘယ် ဘယ်လိုသိတာ"

You've reached the end of published parts.

⏰ Last updated: a day ago ⏰

Add this story to your Library to get notified about new parts!

SoobJun/Yeonbin short CollectionWhere stories live. Discover now