တစ်ခုသော တနင်္ဂနွေနေ့ ,
" ဟေ့ သော်ကြီး "
ဖြိုးဟန်သူ ခေါ်သံကြောင့် သော်ရုနီတစ်ယောက် ဖုန်းသုံးနေရာမှ ထထွက်လာရသည်။ တော်တော် အာကျယ်တဲ့အကောင်။
" မင်းဖေကြီးလားကွ "
"အောင်မာ မောင်မင်းကြီးသား ရိုင်းလှချည်လား ဒေဝီ နဲ့ သွန်းဆက်က လမ်းထိပ်က မုန့်တီ ဆိုင်မှာစောင့်နေတယ် ငါ့သားကိုအဖေကလာခေါ်တာ ပိုက်ဆံလေးပိုထည့်ခဲ့ဦး ဈေးထဲဝင်ဦးမှာတဲ့ ဟိုနှစ်ယောက်က "
" မင်းတို့ကလဲကွာ နေဦး ဟေ့ကောင် ခဏစောင့် စကီလေးတွေအကြိုက် သွားပြင်လိုက်ဦးမယ် "
" မင်းဘယ်သူမှမကြည့်ဘူး မြန်မြန်လုပ် "
" မေမေရေ သားဖြိုးကြီးတို့နဲ့ မုန့်သွားစားဖို့ မုန့်ဖိုးလေးမဆပါဦး"
ဖြိုးကြီးစကားပင်ကြားမည်မထင်လိုက် မအေဖြစ်သူဆီကမုန့်ဖိုးတောင်းနေပြီ ဖြိုးကြီးတို့အဖွဲ့ထဲတွင် သော်ကြီးသည် ပိုက်ဆံအရှိဆုံးဟုပြော၍ပင်ရသည်။ သော်ရုနီ၏အဖေသည် ဆရာဝန်တစ်ယောက်ဖြစ်ပြီး အမေသည်တော့ အဝတ်ဆိုင်တစ်ဆိုင်ဖွင့်ထားသေးသည်။ ဒေဝီနဲ့သွန်းဆက်ကတော့ အန်တီမာယာတို့ဆိုင်ကိုအကြိုက်ပေါ့။သော်ကြီး၏အမေသည်သူတို့ကိုလဲ သားသမီးသဖွယ်ချစ်ခင်ပေးပြီး ဦးလေးသည်လည်းထိုကဲ့သို့ပင်။
ဖြိုးဟန်သူတစ်ယောက် အတွေးလွန်နေစဉ် မောင်မင်းကြီးသားက ဆင်းလာသည်။
" ဟေ့ကောင် ငါပြီးပြီ။ ရေချိုးလာတာလေ ဘယ်လိုလဲမွှေးတယ်မလား။ ငါကရုပ်ချောတာကို မွှေးတာဆန်းတော့မဆန်းပါဘူး "
ကြားရုံဖြင့်ပင် ဖြိုးဟန်သူတစ်ယောက် အော်ဂလီဆန်လာရသည်။
" အော့ အော့ ငါအန်မိတော့မယ် ငါ့ရဲ့သာယာတဲ့မနက်ခင်းလေးကို မဖျက်စီးပါနဲ့တော့ သော်ရုနီရယ် "
သော်ရုနီသည် ရယ်လျက်ဖြင့်ပင် ဖြိုးဟန်သူနှင့်လမ်းထိပ်ထွက်လာခဲ့တော့သည်။
" ဟေ့ သော်ကြီးနဲ့ဖြိုးကြီး ရောက်ပြီလား "
"ရောက်လို့မြင်နေရတာပေါ့"
YOU ARE READING
ချယ်ရီမြေမှကောင်လေးတစ်ယောက်
Romanceသော်ရုနီ × ခွန်နောင်ဟန်မှိုင်း သော်ရုနီ × ခွန်နောင်ဟန်မှိုင်း Bl×OC