ကလင် ကလင် ကလင်~ ~
ခေါင်းလောင်းထိုးသံကြားသည်နှင့် အသင့်ရှိနေသောကျောင်းသားကျောင်းသူတို့မှာ နိုင်ငံတော်အလံအားအလေးပြုကြရသည်။နိုင်ငံတော်သီချင်းနှင့်အတူမြန်မာ့ကျောင်းသီချင်းတို့ကိုပါတွဲ၍သံပြိုင်သီဆိုကြရသည်။
အပြင်ဘက်မှအလေးပြုသံကိုကြားသည်နှင့် တွန့်ကွေးသွားပါသော နှုတ်ခမ်းတစ်စုံ အင်း ဒီကျောင်းမှာတက်ရမှာပါ့လားဆိုသည့်အတွေးကနင့်ကနဲဝင်လာသည်။အရင်ကျောင်းမှာတုန်းက ပြဿနာအချို့ရှိခဲ့သည်မို့ ဒီကျောင်းမှာတော့ထပ်မရှိဖို့မျှော်လင့်ရတာပဲ သူ့ကဲ့သို့ကျောင်းသားသစ်များနှင့် မိတ်ဆွေပြုသည်ကပိုသင့်တော်မည်ထင်သည်။
ကျောင်းသားသစ်များသည် အတန်းသို့မသွားရသေးပဲ ကျောင်းအုပ်ရုံးခန်း၌လိုအပ်သည်များကိုထိုင်စောင့်နေရသည်။ သူတင်မဟုတ်၍ဟန်မှိုင်းစိတ်တော့မညစ်လှပါ။ သူ့ရှေ့၌သူ့ကဲ့သို့ကောင်လေးတစ်ယောက်လဲရှိနေသေးသောကြောင့်။ ဟန်မှိုင်းကဖြူဖြူဖွေးဖွေးနဲ့ ခန္ဓာကိုယ်တောင့်သည်ဆိုလျှင် ဟန်မှိုင်းအရှေ့ကလူမှာ ဝင်းဝါသောအသားနှင့် ကျစ်လျစ်သောခန္ဓာကိုယ်ရှိပါသည်။ သူ့ကြည့်ရသည်မှာ ဖော်ရွေမည့်ပုံပေါက်သဖြင့် အတန်းတူ အခန်းတူဖို့ကိုကြိတ်၍ဆုတောင်းနေမိသည်။
လွေးတစ်ယောက်သူ့ကိုကြည့်နေသောကျောင်းသားသစ်ကိုသတိပြုမိပါသည်။ သူ့ကဲ့သို့ကျောင်းသားသစ်ဖြစ်တာမို့ သူသည်လည်း အခန်းတူစေဖို့ဆုတောင်းမိပါသည်။သူ့လိုလူကသူငယ်ချင်းတစ်ယောက်ရှိလဲမဆိုးဘူးမလား။သူလဲသူငယ်ချင်းထားလို့ရတယ်မလား။သူ့လိုလူလဲလေ။
"လွေးခြည်စေ ၉တန်း B"
AN [ဒီနေရာမှာ စနစ်ဟောင်းပညာရေးစနစ်အနေနဲ့သုံးထားတာမလို့ အထက်တန်းပါနော် ၁၀တန်းကတက္ကသိုလ်ဝင်တန်းပါရှင့်]
စာရေးမတစ်ယောက်သည်လွေးနာမည်ကိုခေါ်ကာ အတန်းပိုင်နှင့်သေချာအပ်ပေးသည်။ လွေးတော့ဖြင့် ဒီနေရာကမသွားချင်သေးပါ။အရှေ့ကလူနှင့်အတန်းတူမလား နားစွင့်နေမိသည်။
"ခွန်နောင်ဟန်မှိုင်း ၉တန်း B"
"၉တန်းအဖွဲ့တွေအဆောင်ပြန်လို့ရပါပြီ ဆရာမ သူတို့ကိုခေါ်သွားလို့ရပြီနော်"
YOU ARE READING
ချယ်ရီမြေမှကောင်လေးတစ်ယောက်
Romanceသော်ရုနီ × ခွန်နောင်ဟန်မှိုင်း သော်ရုနီ × ခွန်နောင်ဟန်မှိုင်း Bl×OC