3

8.3K 147 4
                                    

ညနေ ၅နာရီခွဲ ပွဲစတော့ အပြင်ဘက်မှာ ကျောင်းသူ၊ ကျောင်းသားတွေနှင့် ဖိတ်ထား‌သော ဧည့်သည်များ
အားလုံး ကျောင်းခန်းမကြီးထဲတွင် လူစုံ‌နေကြပြီဖြစ်သည်။ Nomi တို့ကတော့ နောက်ဆုံးမှ စင်ပေါ်တက်ရမှာဆိုတော့ အခန်းထဲမှာပဲ သူငယ်ချင်းတွေနဲ့ စကားပြောလိုက်၊ ဖုန်းသုံးနေလိုက်နဲ့ စင်ပေါ်တက်ရမယ့်
အချိန်ကိုစောင့်နေလိုက်သည်။ တကယ်က စင်ရှေ့မှာသွားပြီး အခြားကျောင်းသား၊ ကျောင်းသူတွေ ဖျော်ဖြေတာကို သွားကြည့်၍ ရသည်။ ဒါပေမယ့် Nomi ကတော့ အခန်းထဲမှာပဲ စောင့်နေလိုက်သည်၊ ဘာလို့ဆို စဉ်ပေါ်တက်ဖို့ကိုလည်း စိတ်လှုပ်ရှားနေပြီး ဒီကြားထဲ ကိုကို Damien လည်း ခန်းမထဲမှာ ရောက်နေလောက်မလား
ဆိုပြီး Nomi တွေးနေရသေးသည်။ ကိုကို Liam ကတော့ ခန်းမထဲမှာ ရှိနေမှာ သေချာပါသည်၊ ဘာလို့‌ဆို ကိုကို Liam က မနေ့ညက အိမ်ကိုလာတော့

" ငါ့ညီလေးရဲ့ မိန်းကလေးလို ဝတ်စားထားမှာကို ကိုကို တစ်ခါမှမမြင်ဘူးဖူးလေ၊ ကိုကိုက သေချာပေါက်လာကြည့်ရမှာပေါ့ ၊ ဒါပေမယ့် သေချာတာ တစ်ခုကတော့
ကိုကို့ ညီက အရမ်းလှနေမှာ သေချာတယ် ဘာလို့ဆို
ဒီတိုင်းလေး အိမ်နေရင် ပေတိပေစုတ်လေးနဲ့တောင်မှ
အရမ်း လှနေလို့လေ"

"ကိုကို Liam နော်!..."

"ဟားးဟားးဟားး ကိုကိုက ညီ့ကို ချီးကျူးနေတာလေကွာ ဘယ့်နှယ် လိုက်ရိုက်နေတာတုန်း...ဟင်"

ကိုကို Liam က ထိုသို့ ပြောတဲ့အခါ ကျန်တဲ့ ချီးမွှမ်းစကားတွေကို Nomi မကြားတော့ပဲ ပေတိပေစုတ်လေးဆိုတာကိုပဲ ကွက်ကြားသွားသလို
Nomi လက်ထဲမှာ ရှိနေတဲ့ ဝက်ဝံအရုပ်နဲ့ ကိုကို Liam ကို လိုက်ရိုက်တော့သည်။
ထို့သို့ ညတုန်းကအကြောင်းကို Nomi တွေးရင်း ပြုံးနေမိသည်။

"ဘာတွေ တစ်ယောက်ထဲပြုံးနေတာလည်း Nomi နောက်နှစ်ပွဲလောက်ပြီးရင် Nomi တို့ အလှည့်နော်"

Nomi တစ်ယောက်ထဲတွေးပြီး ပြုံးနေရင်းမှ Kitty ‌အနားရောက်လာတာကို မသိလိုက်....ထို့နောက် Kitty ကို အမေးစကားဆိုလိုက်သည်...

"ဘယ်နှစ်နာရီ ထိုးပြီးလည်း Kitty"

"8ခွဲလောက်ရှိပြီး ငါတို့လည်း phသုံးလိုက် ၊ သူငယ်ချင်းတွေနဲ့ စကားပြောလိုက်၊ ခန်းမထဲပြေးကြည့်လိုက်နဲ့ အချိန်ဒီလောက်ရှိပြီမှန်း Nomi မေးမှ သတိရပြီး နာရီကြည့်မိတော့တယ်"

𝐒𝐨 𝐅𝐮𝐜𝐤𝐢𝐧𝐠 𝐇𝐨𝐭☼︎𖦹༄☁︎✌︎☀︎Where stories live. Discover now