နိုမီလည်း အဝတ်အစားတွေလှဲပြီး နာရီကိုကြည့်လိုက်သည်။ နာရီက 9နာရီခွဲနေပြီ ဖြစ်ပြီး လူတော်တော်များများ ပြန်ကုန်ကြပြီဖြစ်သည်။ ကျောင်းမှာ သန့်ရှင်းရေးနှင့် အခြား လုပ်စရာအနည်းငယ်ရှိသူများသာ ကျောင်းတွင်ကျန်နေခဲ့ကြသည်။
နိုမီကျောင်း အပြင်ဘက်ကို ထွက်လိုက်တော့ မိုးဖွဲဖွဲလေးကျနေပြီ ဖြစ်သည်။ ဒီနေ့ကျမှ ကျောင်းကို ကားလည်းမပါလာ၊ mommy ကို လာကြိုခိုင်းလိုက် ရမလားလို့ တွေးမိပေမယ့် အချိန်က ညဉ့်နက်နေပြီ ဖြစ်တာကြောင့် အမျိုးသမီးတစ်ယောက်တည်း ကားမောင်းပြီး လာကြိုမှာကို စိတ်မချ။ Nomi မှာ မိသားစု သွေးရင်း ဆိုလို့ ဒီမေမေတစ်ယောက်ပဲ ရှိတော့တာမလား။
ထို့နောက် Nomi တွေးမိသည့် ပထမဦးဆုံးလူက ဝမ်းကွဲအစ်ကို ဖြစ်သည့် Liam ကိုပင်။ Nomi လည်း ဖုန်းကို ထုတ်လိုက်၍ Liam ကို လှမ်းဆက်လိုက်သည်။"Hello"
"ကိုကိုလီယမ် Nomi ကို လာကြိုပေးလို့ ရမလား
ဒီမှာ မိုးလည်း ရွာနေတော့ ခုချိန် ကားဌားဖို့ကလည်း အဝေးကြီးထိ လမ်းလျှောက်ရမှာဆိုတော့...""လီယမ် မဟုတ်ဖူး၊ သူဒီမှာ ဖုန်းမေ့ကျန်နေခဲ့တာ
တစ်ခြားကောင်တွေနဲ့ club သွားကြတယ်"Nomi တစ်ဖက်လူအသံကြားမှ ကိုကို Damien ပြောနေတာမလား ဆိုပြီး တွေးမိကာ စိတ်လှုပ်ရှား၍ ဘာပြန်ပြောရမှန်း မသိစွာဖြင့်၊ ဖုန်းကို ကိုင်ထားကာ ဒီအတိုင်းရပ်နေ မိတော့သည်။
"မင်း အခုဘယ်နားမှာလည်း ငါလာခေါ်မယ်"
တစ်ဖက်လူသည် နိုမီ ဘက်က တိတ်ဆိတ်၍ ဘာမှပြန်မပြောလာသည့် အခါ ထိုသူ့ဘက်ကပဲ စကားစပြောလာသည်။ နိုမီလည်း ထိုအခါမှ သတိပြန် ဝင်လာရင်း လာခေါ်ခိုင်းရမလား၊ မခေါ်ခိုင်းရဘူးလား ဆိုပြီး အတွေးများနေသည်။ သို့သော် ကိုကိုဒန်မီယန်ကို သူ မြူဆွယ်မယ်လို့ တွေးထားတာ အကောင်အထည် မဖော်ရသေးတာမလို့ ဒါကလည်း အခွင့်ရေး တစ်ခုပဲဟု တွေးကာ လာခေါ် ခိုင်းလိုက်တော့သည်...
"ဟို ကျောင်းတံခါးဝ နားမှာပါ"
"Okay...အဲ့မှာ စောင့်နေ"
"ဟုတ်"
တစ်ဖက်က ဖုန်းချသွားတဲ့အခါ နိုမီ ကိုယ့်ကိုယ်ကို အိပ်မက် မက်နေတယ်လို့ထင်မိသည်။ ကိုကိုဒန်မီယန်က နိုမီကို လာကြိုနေပြီတဲ့လေ။ အရင်တုန်းကလည်း
ကိုကိုလီယမ် ဘေးမှာ မြင်နေတွေ့နေကြဆိုပေမယ့် တစ်ခါမှ ဒီလိုသေသေချာချာ စကားမပြောဖြစ်ခဲ့ နိုမီဘက်ကပဲ ရှောင်နေခဲ့လို့များလား။ နိုမီက ဒန်မီယန်ကို အရမ်းသဘောကျနေပေမယ့် အပြင်ဘက်တွင်တော့ သာမာန်အတိုင်းလေး မသိချင်ယောင်ဆောင်၍ သဘောမကျသလိုသာ နေတက်သည်။ သဘောကျတာကလည်း လွန်ခဲ့တဲ့ နှစ်နှစ်လောက်ထဲက သဘောကျလာတာလေ၊
ပြီးတော့ အဲ့တုန်းက နိုမီအသက်က ၁၆နှစ်ပဲရှိသေးတာ ဖြစ်သည်။ ခုတော့ နိုမီအသက် ၁၈နှစ်လည်း ပြည့်ပြီးပြီ
ဖြစ်ပြီး ရေခဲတုံးဒန်မီယန်ကို တရားဝင်လိုက်ဖို့အတွက်
သတ္တိမွေးခဲ့တာ ဖြစ်သည်။
YOU ARE READING
𝐒𝐨 𝐅𝐮𝐜𝐤𝐢𝐧𝐠 𝐇𝐨𝐭☼︎𖦹༄☁︎✌︎☀︎
Romance21+ပါနော် သဲသဲတို့ ကိုယ်ကြိုပြောထားပါတယ် ဖတ်သင့်မဖတ်သင့်က မင်းတို့ဖက်ကပဲ တွေးတောဆင်ခြင်ပါ #darkRomance #BL Start date - 1.October.2024 End date -