ပျော်ရွှင်မှုကို အရောင်နဲ့ဖော်ပြမယ်ဆိုရင် ဘယ်အရောင်ဖြစ်မလဲ ။
လူတွေကတော့ အမျိုးမျိုးဖော်ပြကြမှာပါပဲလေ...။
ဒါပေမယ့် လီလီ့ရဲ့ ပျော်ရွှင်မှုလေးကတော့ အညိုရောင်လေး။၅နှစ်သားအရွယ်က ပထမဆုံး ပျော်ရွှင်မှုလေးကိုတွေ့ခဲ့ရတဲ့အချိန်လေး...။
ငယ်ငယ်ကတည်းက Broken Family မှာပဲ ကြီးပြင်းလာရတဲ့လီလီက သိပ်ကိုတည်ငြိမ်သလို သိပ်ကိုအနေအေးတဲ့ ကလေးမျိုး။
ဒါပေမယ့် သူ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့ အညိုရောင်လေးရှိခဲ့တယ်...။
"အညိုရောင်? "
"အင်း ... ဟုတ်တယ် အညိုရောင်လေး သူကငါ့ပျော်ရွှင်မှုလေးလေ "
"နင်အစ်မ ဂျဲန်းနီကို သိပ်ချစ်တာပဲလားလီဆာ"
"အဲ့ထက်ကိုပိုတာပေါ့ ချယ်ယောင်းရဲ့..."
"အစ်မဂျဲန်းနီလက်ထပ်တော့မယ်တဲ့"
"အင်းငါသိတယ်ချယ်ယောင်း"
"နင်ဘာမှမခံစားရဘူးလား"
"သိပ်ချစ်သလို သိပ်လဲခံစားရပါတယ် ဒါပေမယ့်ငါဘာတက်နိုင်သေးလဲဟာ "
"သူ့မင်္ဂလာဆောင်ကို နင်သွားမှာလား "
"သွားရမှာပေါ့ ငါ့မမကို ငါကိုယ်တိုင်ဂုဏ်ပြုပေးရမှာပေါ့ "
လီဆာ ပြုံးလိုက်ပေမဲ့ ပျော်ရွှင်လွန်းတဲ့အပြုံးမျိုးမဟုတ်ပဲ နာကျင်မှုတွေကို ဖုံးကွယ်ရင်းပြုံးတဲ့အပြုံးမျိုးပေါ့...။
"နင်ကလေ နင့်ကိုယ်နင်ချစ်ဖို့မေ့နေတဲ့လူမျိုး"
"ငါက ငါ့အသက်ထက်တောင်မမကိုပိုချစ်တာ"
"ငါ့နင့်ကိုပဲသနားတယ် လီဆာရယ် "
လွန်ခဲ့သာနှစ်တွေက...
"လီလီ"
"ဟုတ်ကဲ့မေမေ"
"ဒါက ဂျဲန်းနီတဲ့ မေမေ့သူငယ်ချင်းရဲ့သမီးလေး"
မေမေပြောတော့ မေမေ့ဘေးကပ်ရပ်မှာ ရှိနေတဲ့ မိန်းကလေးဘက်ကိုလှည့်ပြီး ပြုံးပြကာ လီဆာအရင်နှုတ်ဆက်လိုက်တယ် ။
"တွေ့ရတာ ဝမ်းသာပါတယ် မမ"
အဲ့တုန်းက လီလီနဲ့မမ ပထမဆုံးစတွေ့တဲ့နေ့ လီလီက ၅နှစ်သားအရွယ်ပဲရှိသေးတယ် မမကတော့ မူလတန်းနောက်ဆုံးနှစ် ၁၀နှစ်အရွယ်ကောင်မလေးပေါ့။
YOU ARE READING
အညိုရောင် ပျော်ရွှင်မှု
Fanficပျော်ရွှင်မှုကို အရောင်နဲ့ဖော်ပြမယ်ဆိုဘယ်အရောင်ဖြစ်မလဲ...