Unicodeအခန်း (၁)
"အဲ...အဲ့ဒီ့လူက ကျွန်မထက် ခေါင်းတစ်ဝက်စာလောက် မြင့် တယ်, သူ့မေးစေ့ကတိုတယ်, ကြည့်ရတာ မေးနှစ်ထပ်ဖြစ်နေသ လိုမျိုးပဲ, ပါးရိုး မြင့်တယ်, ပြီးတော့ အနက်ရောင် ဦးထုပ်ကို စောင်းထားတာ, သာမန် ဘေ့စ်ဘောဦးထုပ်လိုပဲ, အား ကျွန်မ သိပ် မမှတ်မိတော့ဘူး ”
"မကြောက်ပါနဲ့, အချိန်ယူပြီး ဖြည်းဖြည်းစဉ်းစားပါ, သူ့ပုံပန်း သဏ္ဍာန်နဲ့ ပက်သက်ပြီး တခြားဘာကို မှတ်မိသေးလဲ? "
"...သူ မျက်လုံးတွေက ရက်စက်ကြမ်းကြုတ်ပြီး အသားလည်း နည်းနည်း မည်းတယ်... ကျွန်မ.. ကျွန်မ တကယ်ကို မမှတ်မိ တော့ဘူး, အဲ့တုန်းက ကျွန်မ သေလောက်အောင် ကြောက်နေခဲ့ တာ... သွေးတွေကလည်း အများကြီးပဲ ..."
" သူ့မှာ တခြားရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေရော ရှိသေးလား? "
" သူ့လည်ပင်းက နည်းနည်းတိုပြီး ကြီးတယ်, လက်ပြင်လည်း နည်းနည်း ကုန်းတယ် ..."
"သူ့မှာ မုတ်ဆိတ်မွေးရောရှိလား? "
"အိုး... မုတ်ဆိတ်မွေး... ရှိသလိုပဲ,... ဒါပေမယ့် ရှိလည်းမရှိသလို ပဲ, ကျွန်မ ရှင်းရှင်းလင်းလင်း မမှတ်မိတော့ဘူး... တကယ်ကို မမှတ်မိဘူး"
မျက်မြင်သက်သေဖြစ်သူက မျက်လုံးကြီးကြီးနှင့် ဆယ့်ငါးနှစ် အရွယ် မိန်းကလေးတစ်ဦးဖြစ်သည်။ သူ(မ)က မြို့ထဲကို သိပ် မကြာသေးခင်ကမှ ရောက်လာတာဖြစ်ကာ အခြေချဖို့ ကြိုးစား နေတုန်းဖြစ်သည်။ သူ(မ)တွင် တရားဝင် အလုပ်ခန့်အပ်မှု စာ ချုပ်ဝောာင် မရှိပေ။ သူ(မ)တို့ရွာက ထွက်ပြေးလာသည့် လူတွေ ရှိတဲ့ အလှပြင်ဆိုင်၌ အလုပ်လုပ်နေခဲ့တာဖြစ်၏။ အသက်မပြည့် သေးတာကြောင့် တရားမဝင်ကလေး လုပ်သားတော့ဖြစ်နေဆဲ ပင်။ သူ(မ) ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကြောင့် ကြောက်ပြီး ဆက်တိုက်ငိုနေခဲ့ကာ သူ(မ)၏ ဖြစ်စဉ်အား ရဲတွေကို ပြောပြပြီး နှစ်သိမ့်မှုကို ရယူနေရလေ၏။
လူသတ်မှု ဖြစ်စဉ် တစ်ခုလုံးက မနေ့က မနက် အစောပိုင်းက ဖြစ်ပွားခဲ့တာ ဖြစ်သည်။ ဖြစ်စဉ်တစ်ခုလုံးက ငါးမိနစ်သာကြာ လိုက်လေသည်။ ထိုအချိန်တုန်းက သူ(မ)က ခေါင်းလျှော်တဲ့ ကန် အောက်၌ ပုန်းနေခဲ့ရကာ သွေးတွေနဲ့ လူသေအလောင်းတွေ ကြောင့် ထိတ်လန့်သွားခဲ့ကလေ၏။ သူ(မ)မှတ်မိတာဆိုလို့ လူသတ်မှုကျူးလွန်သူ၏ မျက်နှာပေါ်၌ မုန်းတီးရွံ့ရှာသည့် အရိပ် အယောက်ရှိနေသည် ဆိုတာပါပင်။
YOU ARE READING
ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေး၏ အမှုတွဲများ ( Translation)
Mystery / Thrillerစွမ်းအားပြည့်ဝတဲ့ ဝံပုလွေ အထက်ပုဂ္ဂိုလ် × သွေးအေးရက်စက် ပြီး ကတ်သီးကတ်သတ်နိုင်တဲ့ အလှလေး 1 v 1, HE 192 chapters + 18 extra chapters (completed)