Uni
အချိန်အားဖြင့် ညတစ်ဆယ့်နှစ်နာရီ
မောင့်ကိုစောင့်ရင်းနှင့်ပင် မျက်လုံးများလေးလံလာသောကြောင့် ဆိုဖာပေါ်တွင်လှဲလိုက်သောခဏတွင်ပဲအိပ်ပျော်သွားခဲ့သည်။
-
မနက်ဝေရီဝေလင်းအချိန်၌နေရောင်ခြည်များအခန်းအတွင်းသို့ဖြာကျလာပြီး မျက်စိအတွင်းသို့ဝင်ရောက်လာသောကြောင့် ရုတ်တရက်ကျိန်ဆဲလိုက်မိသည်။
" လခွမ်းမှာပဲ "
အိပ်ယာခင်းကိုဘေးဘီစမ်းကြည့်တော့ မောင်မရှိပေ။
' ညကမောင့်ပြန်မလာဘူးပဲ '
ခဏနေတော့ တံခါးဖွင့်သံနဲ့အတူ မျက်နှာမကောင်းစွာဝင်ရောက်လာတော့ စိတ်ပူမိသွားတာတော့အမှန်ပါလေ။
" ဘာဖြစ်လာတာလဲ မောင် "
ကျွန်တော်မေးလိုက်တော့ မျည်ရည်တွေဝေ့သီနေတဲ့အကြည့်ဖြင့်ကြည့်လာသော မောင်။
" ဟင်...မောင် ထယ့်မေးနေတယ်လေ "
" ထယ့် "
" ဟင် "
" မောင် တောင်းပန်စရာရှိတယ် ပြီးတော့..."
" ပြီးတော့ ဘာဖြစ်လဲ ဆက်ပြောလေ မောင် "
" မောင်...မောင် "
မောင်နှုတ်ခမ်းဖျားတွေတုန်ရီနေသည်။
မောင့်ဘာဖြစ်လာလည်းမသိပေမဲ့ မောင့်ကိုထွေးပွေ့ထားလိုက်ပြီး မောင့်၏နှုတ်ခမ်းကိုကျွန်တော်လှမ်းနမ်းလိုက်တော့ မောင်ကခပ်သဲ့သဲ့လေးပြုံးပြလာသည်။ထိုအဓိပ္ပာယ်ဟာ ကျွန်တော်တို့နှစ်ယောက်လုံးအမှားလုပ်ထားရင်ပဲဖြစ်ဖြစ် ပြောစရာရှိတာကိုမပြောရဲတာဖြစ်ဖြစ် တစ်ဖက်ကနှုတ်ခမ်းကိုလှမ်းနမ်းလိုက်လျှင် ပြောပါ ငါ့နင့်ကိုစိတ်မဆိုးဟုသတ်မှတ်ထားခြင်းလျှင်ဖြစ်သည်။
" မောင်တောင်းပန်စရာရှိတယ်...နောက်ပြီး တောင်းဆိုစရာရှိတယ် "
" ဘာများလဲ မောင် "
မောင်နှုတ်ခမ်းများတုန်ရီနေတာ အခုထိမရပ်သွား။
ပြွတ်
ထပ်မံ၍မောင့်နှုတ်ခမ်းကိုဖွဖွလေးနမ်းလိုက်သည်။