Uni
" ဘုရားရေ တစ်သန်း တစ်သန်းဟုတ်လား မောင် "
ကျွန်တော်ခေါင်းတွေမူဝေသွားသည်။
မောင်ဖဲရိုက်ဝါသနာပါမှန်းသိပေမဲ့ မောင့်အဲ့လောက်ထိမိုက်မဲမယ်လို့ ကျွန်တော်မတွေးဖူးဘူး...။
မောင့်နဲ့ကျွန်တော်က တိုက်ခန်းအသေးလေးမှအတူငှားနေကြသည် ။
ကျွန်တော်ကသူနာပြု အလုပ်သင်
မောင့်ကတော့ ဘာအလုပ်မှမလုပ်ပဲ ဖဲသာလိုက်ရိုက်နေတော့သည်။
ဒါပေမဲ့လည်း မောင့်အလုပ်မလုပ်လည်း ကျွန်တော်ရှာလို့ရတဲ့ပိုက်ဆံနဲ့ အခန်းခ/စားစရိတ်လုံလောက်သည်မို့ အေးဆေးပင်။" မောင် မိုက်မဲလှချည်းလား ဟင် "
" _ "
" မောင့်အခု ဘာဆက်လုပ်မှာလဲ ဟင် "
" _ "
" မောင် တိတ်မနေပဲ ပြောစမ်းပါ အရင်မောင်ဖဲကြွေးကိုဆပ်ရတယ်ဆိုပေမဲ့ အဲ့ဖဲကြွေးတွေကနည်းနည်းနော် အခုဟာက ဒီလောက်များတဲ့ ပမာဏကိုဘယ်မှာသွားရှာမှာလဲ မောင့်ရဲ့ ပြောစမ်းပါအုန်း "
" မောင့် တောင်းပန်ပါတယ် ထယ့် မောင် မောင့်မှားပါတယ်ကွာ "
" မောင့်တောင်းပန်နေတော့ရော ဘာထူးမှာလဲ ဟင် အခု မောင့် ဘာလုပ်မှာလဲ "
" မောင့်ကိုကူညီပါအုန်း ထယ့် "
" မောင့် ထယ့်ဆီမှာ အဲ့လောက်များတဲ့ပမာဏက..."
" ထယ့်မှမရှိဘူးဆိုတာ မောင့်သိတယ်
မောင့် တောင်းဆိုစရာရှိတယ် အဲ့ကြောင့် မောင့်တောင်းဆိုတာကိုပဲလိုက်လျောပေးပါ ထယ့် "
" အွန်း "
" ထယ့် ဒီနိုင်ငံရဲ့ Top 10 သူဌေး Mr.Jကိုသိတယ်မဟုတ်လား "
" သိတယ်လေ ဟိုတစ်လောကတောင် ကားအက်ဆီးဒင့်ဖြစ်လို့ အောက်ပိုင်းသေသွားတယ်ဆိုတာလား "
" အခု သူ့ကိုပြုစုဖို့ သူနာပြု တစ်ယောက်ခေါ်နေတယ် ထယ့် "
" ထယ့်သိတယ် အခု မောင့်ဖဲကြွေးကိစ္စကိုပဲ ပြောကြရအောင် "
" အခုမောင့်လည်း အဲ့တာပဲပြောနေတာလေ ထယ့် "
" မဟုတ်မှ "