B-2

22 2 0
                                    

Uni

မဖြူမညိုမျကနှာပေါ်ကို မိတ်ကပ်အသာလေးဖို့လိုက်ပြီး မျက်နှာဆိုးဆေးများကိုသူ့နေရာအလိုက်ခြယ်သလိုက်သည်။
ထို့နောက် နှုတ်ခမ်းဖူးဖူးလေးအား နှင်းဆီရောင် နှုတ်ခမ်းဆိုးဆေးလေးကိုခြယ်သလိုက်တဲ့အခါ ကိုယ့်မျက်နှာဟာ Perfect ပင်။
နောက်ပြီးပင်ကိုယ်မူလဆံပင်ကိုအနည်းငယ်သိမ်းပြီး ခါးလောက်ရှိတဲ့ ဆံပင် အမည်းရောင်အဖျားကောက်လေးကို စွပ်၍အနည်းငယ်ဖီးလိုက်ပြီး အင်္ကျီအဖြူလေးကိုဝတ်ပြီး ဒူးပေါ် စကတ်မီးခိုးရောင်အဖျော့လေးကိုဝတ်ဆင်လိုက်‌သောအခါ ပေါင်တံတွေဟာ အချိုးစားညီစွာသွယ်လျ လှပနေသည်။
မှန်‌ရှေ့ရပ်လိုက်တော့ ကိုယ့်ဟာ တကယ်မိန်းကလေးလိုပင်။

" အို "

မောင့်က အံ့ဩဟန်ဖြင့် ' အို ' ဟုအသံထွက်၍ သေချာစွာစိုက်ကြည့်နေလေသည်။

" ထယ့်ရယ် လှလိုက်တာ "

" မိတ်ကပ်တွေကအဆင့်မြင့်လာတာကိုး "

" ထယ့်က အရင်ကတည်းကလှပြီးသားပါကွာ "

ကျွန်တော်ဘက်ကခဏတိတ်ဆိတ်နေမိသည် ။
ပြီးမှ မောင့်ဟာ ကျွန်တော်ရဲ့ ခါးကိုတင်းကျပ်စွာဖက်၍...။

" မောင့်ကိုစိတ်ဆိုးနေသလား "

" အို မဆိုးရပါဘူး မောင့်ရဲ့ "

" အဲ့ဆို ဘာဖြစ်နေသလဲ "

" ငါ့ မိန်းကလေးလိုဝတ်ထားရတာ စိတ်မသက်သာလို့ "

တကယ်လည်း စိတ်မသက်သာပေ ပူအိုက်လွန်းလို့ အကုန်ချွတ်၍ ရေထဲ၌သာရေစိမ်ချင်နေတော့သည်။

" မောင့်ကို ကူညီပါနော် "

" အွန်း "

" ထယ့် "

တိုးညင်းလှသော မောင့်ရဲ့အသံ။

" ဟင် "

" မောင့်တို့အတူနေရအောင် "

ကျွန်တော်မယုံနိုင် မောင့်ပါးစပ်ကဘာလို့ ဒီလိုစကားမျိုးထွက်လာသလဲ...။
မောင့်နဲ့တွဲလာတာ ငါးလ ပင်ပြည့်တော့မည်။
သို့ပေမဲ့ ကျွန်တော်တို့နမ်းယုံမျှသာရှိပြီး ဒီထပ်ပို၍ အဆင့်မတက်ခဲ့ကြပေ...။
အခု မောင့်ပါးစပ်က ဒီလိုစကားမျိုးထွက်လာခဲ့တာဟာ ကျွန်တော် ဒီလိုဝတ်စားထားသောကြောင့်လား...။
ကျွန်တော်ဟာ မောင့်ကို သေချာစွာစူးစိုက်ကြည့်နေမိသည်။
မောင့်က အဲ့တာကို သတိထားမိသွားဟန်တူသည်...။

You've reached the end of published parts.

⏰ Last updated: Sep 29 ⏰

Add this story to your Library to get notified about new parts!

Ɓℓαcк MιѕѕισηWhere stories live. Discover now