UP to 18

320 49 6
                                    

အခန်း ၁၆- အချက်အပြုတ်ကျွမ်းကျင်မှု အဆင့်မြှင့်တင်ခြင်း

စူးချင်းက ချက်ချင်း ပြောလိုက်သည်။ "ကျွန်မ ရှင်တို့အတွက်လည်း လုပ်ပေးနိုင်ပါတယ်၊ ကျွန်မမှာလည်း ဘာမှ လုပ်စရာ မရှိဘူး"

"ဒီကောင်မလေးကို ကြည့်ကြစမ်း၊ သူ(မ)က ကြင်နာလွန်းတယ်"

အ‌ဒေါ်လီက စူးချင်းကို ဆက်ပြီး ချီးမွမ်းနေသော်လည်း စူးချင်းက မတုံ့ပြန်တော့ပေ။ အိုးပူလာသောအခါတွင် သူမက တောငန်းများမှ ထုတ်ယူထားသော အဆီတုံးများကို အိုးထဲသို့ ထည့်လိုက်ပြီး မွှေးရနံ့က ချက်ချင်း ပျံ့လွှင့်လာသောကြောင့် ကလေးများ တံတွေး မျိုချနေကြသည်။

ထို့နောက် စူးချင်းက ဆီပူလာစေရန် စောင့်ဆိုင်းနေပြီးမှ ငန်းရိုင်းအသားများကို ဒယ်အိုးထဲသို့ လောင်းထည့်ပြီး မွှေပေးလိုက်သည်။

အ‌ဒေါ်လီက သူမကို ထပ်မံ ချီးမွှမ်းနေပြန်သည်။ "သူ(မ)က တော်ဝင်စားဖိုမှူးတစ်ယောက်ကနေ ဆင်းသက်လာတဲ့သူဆိုတော့ သူ(မ)က ငါတို့ထက် ဟင်းချက် လက်ရာပိုကောင်းသည်မှာ သေချာတယ်၊ သူ(မ)ရဲ့ချက်ပြုတ်နည်းကို ကြည့်လိုက်ပါဦး၊ ငါ တွေးတောင် မတွေးဖူးဘူး။ ကံကောင်းတာက သူ(မ) တာဝန် ယူပြီး ချက်ပေးလို့ပေါ့၊ ငါသာ ချက်ပြုတ်ရင် ငါ့က ငန်းရိုင်းသားတွေကို ဖြုန်းတီးပစ်မိလိမ့်မယ်!"

စူးချင်း၏မျက်နှာတွင် အနက်ရောင်မျဉ်းများဖြင့် ပြည့်နှက်နေခဲ့သည်။ သူမက တော်ဝင်စားဖိုမှူးရဲ့မျိုးဆက်ဆိုတာက သူမ ဖန်တီးထားတဲ့ ဇာတ်လမ်းဖြစ်နေတာတောင် အ‌ဒေါ်လီက သူမကို သံသယမရှိ ယုံကြည်နေတယ်ပေါ့။

ထူးချွန်ထက်မြတ်ပြီး လိမ္မာပါးနပ်သည့် ဇနီးသည်လျှင်ပင် ဆန်မရှိရင် ထမင်းချက်နိုင်မည် မဟုတ်ပေ။ ဤဒုက္ခသည်အဖွဲ့တွင် ဆားနှင့် အခြားဟင်းခတ်အမွှေးအကြိုင်များ မရှိခြင်းကြောင့် ၎င်းက တောငန်းရိုင်းများကို ဖြုန်းတီးမှုဟု ဖြစ်သည်ဟု ဆူးချင်းက ခံစားခဲ့ရသည်။ သူမက တောငန်းရိုင်းများ နူးစေရန် အိုးထဲသို့ ရေထပ်ထည့်လိုက်ပြီး အနံအရသာအတွက် ဂျင်းရိုင်း၊ ကြက်သွန်မြိတ်နှင့် အခြားသောအမွှေးအကြိုင်များ ရှာဖွေရန် တောင်ပေါ်သို့ ခြေလှမ်းပြင်လိုက်သည်။

ကွာရှင်းပြတ်စဲပြီးနောက် လူကြမ်းကြီးနှင့်အတူ လယ်တောဆီသို့....Donde viven las historias. Descúbrelo ahora