Ep 41

1.1K 84 9
                                    

Ep 41

Uni+Zaw

'ဇာမဏီထီရာဇ်' စံအိမ်တော်နှင့်ခေါင်အာကျေးရွာတစ်ခုလုံး မီးလောင်ပျက်စီးပြီးနောက် အသက်ရှင်ကျန်ရစ်သူဟူ၍ ဘွေဆောနောင်နှင့် လူအနည်းစုသာရှိခဲ့သည်။ဘွေဆောနောင်သည် မီးလောင်နေစဥ် သတိရလာခဲ့သော်လည်း မီးလောင်မှုသည် စံအိမ်တော်နှင့် ခေါင်အာကျေးရွာအတွင်းတစ်ပြိုင်တည်းဖြစ်နေပြီး မီးတောက်၊မီးလျှံများသည် ပြင်းထန်စွာလောင်နေသောကြောင့် သူတစ်ယောက်တည်းအားနှင့်ငြိမ်းဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပေ။

အစွမ်းကုန်ကြိုးစားကယ်ထုတ်သော်လည်း အားလုံးသည် ဆေးခတ်ခံရပြီးသတိမေ့မြောနေသောကြောင့် မအောင်မြင်ခဲ့ပေ။ရည်ရွယ်ချက်ရှိရှိလုပ်ကြံသော ကလဲ့စားချေမှုတွင် ခေါင်အာလူမျိုးအားလုံးသေကြေပျက်စီးခဲ့ကြရသည်။

စပ်ခေါင်ထီရာဇ်နှင့်အတူပါသွားသော ကိုယ်ရံတော်အချို့နှင့်ရွာသားအနည်းစုသာအသက်ရှင်ကျန်ရစ်သည်။ဘွေဆောနောင်ကိုယ်တိုင်လည်း တစ်ကိုယ်လုံးရစရာမရှိအောင် မီးလောင်ခဲ့ရသည်။မျက်နှာတစ်ခြမ်းလုံး ကြည့်မကောင်းအောင်စုတ်ပြတ်သတ်ခဲ့ရလေသည်။

ဆေးခတ်ခံရပြီးသတိမေ့မြောနေသော စံအိမ်တော်ရှိလူအားလုံးသည် ထွက်ပြေးလွတ်မြောက်ခြင်းမရှိစေရန် သံကြိုးများဖြင့်တုပ်နှောင်ခံထားရသော်လည်း ဘွေဆောနောင်တစ်ယောက်တည်းသာလျှင် ချွင်းချက်အနေနဲ့ စံအိမ်တော်အပြင်ဘက်တွင် အချုပ်နှောင်ကင်းစွာရှိနေခြင်းသည် သွေးရိုးသားရိုးမဟုတ်မှန်းရိပ်မိပါသည်။ဒိလုံခကိုမသတ်ဘဲလွှတ်ပေးခဲ့လို့ သူ့ကို အသက်ချမ်းသာခွင့်ပြန်ပေးခဲ့တာလား။(ep  38)

ဒါလည်း အကြောင်းအရင်းတစ်ရပ်အဖြစ် ပါဝင်တယ်ဆိုပေမဲ့ အဓိကအနေနဲ့ ခေါင်အာလူမျိုးစုအားလုံးအသေဆိုးနဲ့ ဘယ်လိုသေခဲ့ကြရလဲဆိုတာကို မြင်စေချင်သောကြောင့်ဖြစ်သည်။နောက်ဆက်တွဲအနေနဲ့ စပ်ခေါင်ထီရာဇ်သည် မီးလောင်ဒဏ်ရာဗရပွနှင့် အသက်ရှင်ကျန်ရစ်သောဘွေဆောနောင်ကိုမြင်တိုင်း မိသားစုဝင်များနှင့် ခေါင်အာလူမျိုးများအားလုံး ဘယ်လောက်တောင်မှနာကျင်ခံစားပြီး မီးလောင်သေဆုံးသွားကြလဲဆိုတာကို အမြဲမှတ်ရစေရန်ရည်ရွယ်ခြင်းဖြစ်သည်။ဒိလုံခ၏လက်စားချေမှုက စပ်ခေါင်ထီရာဇ်အား ဘဝတစ်လျှောက်လုံး နာကျင်ခံစားသွားစေရန်ရည်ရွယ်၏။

သခင်ကြီးနှင့်စံအိမ်တော်Where stories live. Discover now