Description

169 38 1
                                    


သူစိမ်းတစ်ယောက်နဲ့ တစ်ညတာကုန်ဆုံးပြီးတဲ့နောက်မှာတော့ ကျန်းလော့ဟာ သူ့မှာကိုယ်ဝန်ရှိနေတာကိုသိလိုက်ရတယ်။
အဲ့တာတင်မကသေးပေ။ သူ လွယ်ထားရတာက လူသားတောင်မဟုတ်ဘူးဆိုတာဖြစ်နိုင်ပါ့မလား။
ကြယ်စုနှစ် 25ရာစုမှာ လူသားတွေက အမှောင်ထုကြယ်ဆီကို ပြောင်းရွှေ့ခဲ့ကြတယ်။ ဒီနေရာမှာ သူတို့ရဲ့ အဆင့်အတန်းက ခြေနင်းပြားသာသာ ဖြစ်တယ် ။ အမှောင်ထုကြယ်မှာ မွေးဖွားကြတဲ့လူတွေက အစွမ်းထက်ပြီး မာနကြီးကြတဲ့လူမျိုးတွေပင်။ သူတို့မှာ ကမ္ဘာကြီးကိုညချုပ်ကိုင်ဖို့စွမ်းအားတွေရှိနေပေမယ့် သူတို့ရဲ့မျိုးဆက်ပျံ့ပွါးမှုနှုန်းကတော့ အတော်လေးကို နောက်ကျကျန်နေခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း၁၀၀၀အတွင်းမှာ မျိုးဆက်သစ် တစ်ဦးမှ မွေးဖွားခဲ့ခြင်းမရှိပေ။

တစ်ရက်မှာတော့ ကျန်းလော့တစ်ယောက် ကိုယ်ဝန်ဆောင် မနက်ခင်းဖျားနာမှုကြောင့် မတ်တပ်ရပ်ဖို့တောင်အနိုင်နိုင်ပင်။

" ဝေါ့... "

သူ့ဗိုက်ထဲက အမှောင်ထုကြယ်စုရဲ့ သားပေါက်လေးတွေက ကီလိုမီတာအနည်းငယ်အတွင်းကို အရှိန်အဝါတွေထုတ်လွှတ်နေခဲ့တာကြောင့် အမှောင်ထုကြယ်သား တွေ အကုန်လုံး ရုတ်တရက် တောင့်ခဲသွားကုန်ကြတယ်။
နှစ်ပေါင်း ၁၀၀၀ကုန်ဆုံးပြီးနောက်ဆုံးမှာတော့ သားပေါက်လေးတွေမွေးဖွားလာတော့မယ်။
သူတို့တွေအကုန်လုံးက သားပေါက်လေးတွေရဲ့ဖခင်ကို စိတ်ဝင်တစားသိချင်စိတ်ပြင်းပြနေကြတယ်။
နောက်ပိုင်းတွင် ပညာရှိအထက်တန်းလွှာတစ်ယောက်က

" ငါကပဲ ကလေးတွေကို အကောင်းဆုံးပညာရေးပေးနိုင်မယ့် သူပဲ "

ကြယ်စုတစ်ခုလုံးရဲ့အချမ်းသာဆုံးလူက

" ကလေးတွေမှာ ငါ့နောက်ဆုံးနာမည်ကိုမှည့်ခေါ်မယ်ဆိုရင် ကြယ်စုတစ်ခုလုံး မင်းကြိုက်တဲ့ ဂြိုလ်ကို ရွေးလိုက် "

???

" မာနလေးရှိကြစမ်းပါ၊ သူများဇနီးကို လိုက်နှောက်ယှက်မနေနဲ့ "

~~~~~

ဒါလေးကို တစ်ပတ်တစ်ခါ စနေနေ့တိုင်းတင်ပေးသွားပါမယ်နော်💕

ငါက ဂြိုလ်တစ်ခုလုံးရဲ့ မျှော်လင့်ခြင်းရောင်ခြည်လေးကို ကိုယ်ဝန်လွယ်ထားရတယ်Where stories live. Discover now