2

45 6 0
                                    

''တစ်ခေါင်းလုံးကို မွစာကြဲနေတာပဲ...''

နည်းပညာအဖွဲ့က ဓာတ်ပုံရိုက်ယူနေကြရင်းကနေ ဘေးနားလည်းအန်ချလိုက်သေးသည်။
လူငယ်လေးတွေပင်ဖြစ်ကြပြီး အလွန်ဆုံးရှိမှ ၂၀ ကျော်လေးတွေ။

ဘယ်ဟာကဘာဆိုတာ ခွဲခွဲခြားခြားသိလာတဲ့အပေါ်အမှန်တရားဘက်ကနေ ရပ်တည်ပေးဖို့ လူငယ်လူရွယ်ကနေ သက်လက်ပိုင်းတွေအထိပါ ဘက်ပေါင်းစုံကနေ တစစတိုးမြင့်လာပြီး စစ်တပ်ဟာ လူထုထောက်ခံတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့တည်ရှိနေခဲ့ပြီ။

သို့သော်ဤအရာကိုလည်း ပေါ့ပေါ့နေပေါ့ပေါ့စားလူတန်းစားတစ်ချို့ကတော့ နှာခေါင်းရှုံ့ကြသည်။

''ဟေ့ကောင်...ဘယ်လိုပဲအန်ချင်ချင် ထိန်းသိမ်းစမ်းပါကွ... ဒါလူတစ်ယောက်ရဲ့အလောင်း''

''ဒယ်ဟန်းမင်းဂုစစ်ခွေးရဲ့အလောင်းလို့ပါထည့်ပြော...''

''သူလည်းအမိန့်အတိုင်းလုပ်တာပဲလေ...''

''ဦးနှောက်ပါမလာလို့လား ''

''ချားမ်..''

အတွေးအမြင်မတူကြပေမယ့် တစ်ဖက်စီက
အမှန်တရားမို့ လူငယ်လေးတွေဟာ ပါးစပ်ပြန်ပိတ်ပြီး လုပ်စရာကိုပြီးဆုံးအောင်လုပ်ဆောင်လိုက်ကြသည်။

အလောင်းကိုဓာတ်ပုံရိုက်ယူအပြီး 'X'မှာ တင်ဖို့ရာ မျက်နှာတွေကို ဗလာလုပ်ပစ်သည်။ ရာထူးရယ် နာမည် အသက်ကို ဖမ်းဆီးခံ စစ်သားတွေဆီကတောင်းယူပြီး ထိုလူငယ်နည်းပညာအဖွဲ့ကတင်စရာရှိတာ Xမှာတင်လိုက်သည်။

ဘေးတွင်
စစ်သား နှစ်ယောက်လောက်ကမြေကြီးတူးနေပြီး အလောင်းကိုမြှုပ်ဖို့ရာ လုပ်ကိုင်နေကြသည့်မြင်ကွင်းမျိုးပင်။

မှိုင်းအုံ့နေတဲ့တောတောင်ကြားထဲ အမြဲတစေအေးစိမ့်နေမှု့ကြောင့် စစ်ဂျာကင်များကိုယ်စီဝတ်ထားကြသေးသည်။
မြင်ကွင်းတွေသည် သူ့အလုပ်နှင့်သူရှုပ်နေကြ၏။
တစ်ချို့လူငယ်လေးတွေနဲ့တော့ သိပ်မအပ်စက်ပေမယ့်လည်း ဒါဟာလုပ်ကိုလုပ်ရမယ့် မဖြစ်မနေ အလုပ်တစ်ခုမို့လုပ်နေကြခြင်းပင်။

''ခေါင်းဆောင်လက်တည့်ချက်ကြီးကကြောက်စရာကြီး....''

အလောင်းကိုကြည့်ပြီး တစ်ယောက်ကစကားစလိုက်သည်။

faceWhere stories live. Discover now