ငါ့ကိုလူတွေကမျိုးစုံမှတ်ချက်ပေးကြတယ်
ဒီကောင်က စစ်ကြောင့်ရူးသွားတာ
ဒီကောင်က စစ်ကိုခုတုံးလုပ်ပြီး ပိုင်ဆိုင်မှု့တွေစုဆောင်းနေတာ ဒီကောင်ကတပ်ရင်းတစ်ခုလုံးကို ရူးနှမ်းပြီးသတ်မိလိုက်လို့ ပြေးပေါက်မရှိတော့လို တောခိုသွားတာ ပုန်ကန်သူလုပ်သွားတာ
ဒီလိုပြောကြတာတွေက အများစုပဲ။တကယ့်အမှန်တရားကို မမြင်နိုင်လောက်အောင် ပိတ်ဖုံးခံထားတဲ့လူတွေကြားထဲ ငါဘာမှဖြေရှင်းနေစရာမလိုဘူး
ငါစစ်ကြောင့်ပဲရူးရူး ပိုင်ဆိုင်မှု့ကြောင့်ပဲရူးရူး ယုတ်စွအဆုံး လူသတ်မိလို့ ပြေးပေါက်မရှိတော့လို့ ထွက်ပြေးသွားတဲ့စစ်ပြေးတစ်ယောက်အနေနဲ့ပဲ မြင်မြင် ဂရုမစိုက်ဘူး။ငါကငါပဲ ငါကပါ့ခ်ဂျီမင်း ငါကလူတွေဝေဖန်တာကိုကြောက်ရွံနေမယ့်ကောင်မဟုတ်ဘူး
ငါကကတိတစ်ခုကိုတည်ချင်တဲ့ကောင်မျိုး
ငါက ကတိတစ်ခုကြောင့် အခုထိအသက်ရှင်ကျန်နေတဲ့ကောင်မျိုး
အဲ့ဒီ့ကတိတည်ပြီးသွားရင် ငါကထပ်ပြီးရှင်သန်စရာမရှိတော့တဲ့ကောင်မျိုး ။
ဒါကြောင့် ငါ့မှာနောက်လှည့်စရာလုပ်ရပ်မျိုးမရှိဘူး ။ ငါနောက်ဆုတ်မှာမဟုတ်ဘူး။ ငါနောက်ဆုတ်တဲ့နေ့က ငါ့သေတွင်းထဲဝင်မယ့်နေ့ပဲ။
အဲ့ဒီ့နေ့မတိုင်ခင်အထိတော့ ငါရှင်သန်မယ်။
.
.
.
.
.
::::::::::::::::::::::::::::::::
''ဒီနေ့ လုပ်မယ်...အကုန်ဖြန့်လိုက်''''ဒီနေ့...ဟုတ်လားခေါင်းဆောင်''
''အင်း...တိတိကျကျကိုဒီနေ့''
//ဒီနေ့//
//ခေါင်းဆောင်ကဒီနေ့တဲ့//
//ခေါင်းဆောင်ရက်ရွေးလိုက်ပြီ ဒီနေ့တဲ့//
//မှားလို့မရဘူး ဒီနေ့ကအရမ်းအရေးကြီးတယ်...ဆိုးလ်ကိုငါတို့တက်လာကြပြီ//
//စုရပ်မှာဆုံကြမယ်//
တစ်ဆင့်စကားတစ်ဆင့်နဲ့ ဖုန်းထဲကစာတိုတစ်စောင်ကိုဖတ်လိုက်ပြီး ထိုစာကိုအပြီးဖြတ်လိုက်သည်။
''ကိုယ်ပြောပြမယ် Ari... ပါတီကအကြီးကြီးပေးမှာ မင်းလိုက်ရင် ကိုယ်တော့မျက်နှာပွင့်နေမှာပါပဲ''