🎬Action🎬 (Seungwoo) -1

28 4 4
                                    

"မောင်~~~~"

"umm "

"မောင် တကယ်ပဲ....အဲ့ဒီ ဆေးလိပ်တွေကို အရမ်း ကြိုက်တာပဲလား...."

"အွန်း.....မောင့်ရဲ့ favourite တွေလေ...."

"babyထက် ပိုကြိုက်တယ်လို့တော့ မပြောနဲ့နော်..."

"သိပါတယ်ကွာ babyနဲ့ ဆေးလိပ် ရွေးရမယ်ဆို babyကိုပဲ ရွေးမှာပေါ့ "

"ခစ် ခစ် မောင်က တကယ်ပဲ စကားတတ်တယ် "

"စကားတတ်ရင် ဘာဆုများချမလဲဟင် ပြောပါဦး မောင့် အချစ်ရဲ့ "

"အင်....ဘာဆုချရမလဲ ဆိုတော့ "

ကဒ်..ကဒ်..ကဒ်..

မင်းသား ဆွန်းချောလ် စကားတွေကတော့ မိုက်နေပြီဗျာ
မျက်နှာက ဘယ်လို ဖြစ်တာလဲ...
နည်းနည်းပါးပါး ပရောပရေ မျက်နှာထား လုပ်မယ်လေကွာ...
အခု မင်းသားက ခက်ထန်နေတဲ့ ရုပ်ကြီးနဲ့ မမိုက်သေးဘူးနော်...
ထားလိုက်...ထားလိုက်...နောက် နေ့မှ ပြန်စကြမယ်
ရိုက်ကွင်းနားပြီ အားလုံးသိမ်းကြ

ဘာလဲဟ ဒီလူဆိုတဲ့ အကြည့်နဲ့... တစ်ဖက်က ဂျော်နော်နူး ကြည့်သွားသည်မှာ ဆွန်းေချာလ် တစ်ယောက် မခံရက်နိုင်စရာ...
BLလောကထဲ နာမည်ကြီး မင်းသားနှစ်ယောက်ဖြစ်တဲ့
ချွန်ဆွန်းချောလ်နဲ့ ဂျော်နော်နူ...
နာမည်ကြီးသော်ငြား ဘယ်ဘ၀က ၀ဍ်ကြွေးတွေကြောင့် မသိ
နှစ်ယောက်သား အချင်းချင်းမုန်းနေကြသည်
ကမ္ဘာပျက်ရင်တောင် အမုန်းပျက်ကြမည် မထင်
ယခုလို ဘာကြောင့် ဇာတ်ကား အတူတူ ရိုက်နေရသလဲ
ဆိုရင်တော့
ဂျော်နောနူး၏ အမေကိုသာ အပြစ်တင်ရလေတော့မည်

"သားရယ်....လုပ်ပါနော်...ဟိုမင်းသားလေး...ဆွန်းချောလ်ဆိုတဲ့ ကောင်လေးနဲ့ တစ်ကားလောက် တူတူရိုက်လိုက်ပါသားရယ်...မေမေ သေပျော်ပါပြီ"

" ဟာ....မေမေကလဲဗျာ...သားကျန်တဲ့ ဘယ်မင်းသားနဲ့မဆိုရိုက်ပြီးပြီလေဗျာ အဲ့တာတွေကလဲ မေမေခိုင်းလို့လေ...တော်ပြီလေဗျာ..."

" ဟုတ်ပြီ...ဟုတ်ပြီ...မေမေ ဒီတစ်ခေါက် အဲ့ကောင်လေးနဲ့ ရိုက်ပြီးရင် မင်းကို ထပ်ပြီး အတင်းအကျပ် ဘယ်သူနဲ့ ရိုက်ပါလို့ မပြောတော့ဘူး...ဟုတ်ပြီလား...သားလုပ်ရမှာက အဲ့ဒီ ကောင်လေးနဲ့ တွဲရိုက်ရုံပဲ အိုခေ"

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

♦️Svt One shot♦️Where stories live. Discover now