Part - 18 [Uni&Zaw]

411 11 0
                                        

Unicode

အပိုင်း (၁၈)
Two Worlds(ကမ္ဘာနှစ်ထပ်ချစ်သည်းတစ်စုံ)

ရင်ထဲမှာ ပူလောင်နေမှု့‌တို့ကြောင့် ပြေးနေသည့်ခြေလှမ်းတွေကတောင် နှေးနေသလိုခံစားရ၏။ကြယ်တာရာပြောသည့်

"သွားလိုက်....နင်အခုအချိန်သွားရင်အရိုးပြာလေးဖြစ်ဖြစ်တော့ရမှာပါ...."

ဆိုသည့်စကားကိုသာ အထပ်ထပ်ပြန်ကြားနေမိရင်း နှလုံးသားတို့ တဆတ်ဆတ်နာလာရသည်။

သူခဏပြန်သွားသည့်အချိန်လေးအတွင်းမှာ ဒီဘက်မှာကိစ္စတွေအများကြီးဖြစ်သွားခဲ့သည်။တကယ်တော့ လင်းကြယ်တာရာဟာ ဒီအရေမြင်လို့ဒီချုံထွင်ခဲ့တာပင်။သူ့ကို ဟိုဘက်မှာ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ မျှားခေါ်ပြီး သူရောက်လာတော့မှာ သုတန်ဖိုးရှိတဲ့နောက်ကမ္ဘာတစ်ခုကိုသူမကသွားခြင်း။ကြယ်တာရာဘယ်လိုအတွေးတွေနဲ့ စာမျက်နှာကိုလှန်နေလဲဆိုတာ သူတကယ်ပင်မသိပါ။

ကမ္ဘာတစ်ဖက်ကသုတန်ဖိုးကိုသေစေပြီးဒုက္ခပေးတာနဲ့မလုံလောက်လို့ နောက်ထပ် သုတန်ဖိုးတစ်ယောက်ကိုပါ ထပ်ပြီးပျက်စီးစေချင်တာလား။ကြယ်တာရာရဲ့ အဓိက Targetကဘာလဲ။သူမလိုချင်တာဘာလဲ။

"ဝုန်း!"

"သုတန်ဖိုး!!!"

မျက်စိရှေ့က မြင်ကွင်းကြောင့် ဒေးမျက်လုံးတွေပြာဝေသွားကာ ခေါင်းထဲမှာဗလာဖြစ်သွားရ၏။အဆောက်အအုံတစ်ခုလုံး ပြင်းပြင်းထန်ထန်ကိုပေါက်ကွဲသွားကာ မီးစတို့က အရှိန်ဖြင့်တောက်လောင်နေသည်။

"သု့!!"

ဒေး ဘာမှမစဥ်းစားနိုင်တော့ဘဲ ဝင်ပေါက် တံခါးဆီကိုသာပြေးသွား၏။သို့သော် တံခါးက သော့ခတ်ထားတာကြောင့် ဘေးက သံချောင်းတွေပုံထားသည့်ဆီကိုဒယောသောပါးပြေးပြန်သည်။ပြီးနောက် သံတုတ်တစ်ခုယူလာကာ...၊

"ဟာ!"

"ဒုန်း!ဒုန်း!"

"သု!သုတန်ဖိုး!"

"ဒုန်း!"

"ကိုယ်လာပြီ သု...၊ကျေးဇူးပြုပြီး ဘာမှမဖြစ်ပါနဲ့!"

"ဒုန်း!"

"ဟာ‌‌ကွာ!ပွင့်စမ်းပါ!"

"ဒုန်း!ဒုန်း!ဒုန်း!"

Two Worlds [Complete]Where stories live. Discover now