Unicode
"စိတ်ချပါ မင်းသက်ရာ မင်းသားမွေးနေ့အမှီပြန်လာခဲ့မယ်"
"သေချာလား ဟေ့ကောင် ဖုန်းထဲကနေ မရေရာတဲ့ကတိပေးပြီး ဒီတစ်ခါလဲ မြန်မာကိုမင်းလာဖြစ်မှာမဟုတ်ဘူးဆိုတာသိတယ်ကွ အာပလာကောင်!"
"တကယ်ပါဆိုကွာ ကဲ မင်းယုံချင်ယုံ မယုံချင်နေ ငါလူအကောင်လိုက်ပေါ်လာမှယုံတော့"
"အေး ပြီးကွာ ငါ့မိန်းမကိုယ်ဝန်ဆောင်ကတည်းက မင်း ကနေဒါကိုသွားလိုက်တာ ငါ့သားပဲ အသက်ပြည့်တော့မယ် မင်းကခုထိကို မြန်မာကိုပြန်မလာသေးတော့ တကယ်စိတ်မကောင်းတာကွ"
"အေးပါကွာ မင်းစိတ်ချ ငါ မင်းသားမွေးနေ့အမှီလာခဲ့မယ် မင်းသက်"
"ဒီတစ်ခါ မင်းမသေချာရင်တော့ ငါနဲ့ သေခန်းပြတ်နော် ငဇွဲ"
"အေး ပြတ်ကွာ"
ကတိအထပ်ထပ်ပေးမှ ကျသွားသည့်ဖုန်းကိုကြည့်ကာ သက်ပြင်းချမိသည်။ မြန်မာကိုမပြန်ဖြစ်ခဲ့တာက အကြောင်းရှိသည်။ မင်းသက်မိန်းမ အနမ်းပန်း ဆိုသည့်မိန်းကလေးက ဇွဲခန့်သစ်ဆိုတဲ့ဒီကောင်ရဲ့အချစ်ဦးကြီး။သူငယ်ချင်းချစ်သူကိုမှ ရူးရူးမူးမူးချစ်မိနေလို့ လိပ်ပြာမလုံပါဘူးဆို ဟိုကောင်နဲ့လက်ထပ်ပြီးကိုယ်ဝန်တွေရကြတော့ သူလည်း မုအွန်နိုင်ဖို့အရေး နိုင်ငံခြားမှာ အခြေလာချရတာပဲ။အနမ်းပန်း ဆုံးတုန်းကလည်း မြန်မာကို သူမပြန်ဖြစ်ခဲ့ပါ။တကိုယ်တည်းကြိတ်အသည်းကွဲရတာလည်း နှစ်နှစ်ဆယ်တောင်ကျော်ခဲ့ရောပေါ့။အဲ့မိန်းကလေးကို မုအွန်နိုင်ပြီလားဆို အွန်နိုင်ပြီပဲပြောရမှာပေါ့။ သူမကလွဲပြီး ဘယ်သူ့မှထပ်မချစ်နိုင်တော့တာကတော့ သူ့အတွက် ဝဋ်ပဲပေါ့ဗျာ။
"ဇွဲ မင်းဘယ်ချိန်မှ မြန်မာကိုပြန်ဖို့စဉ်းစားထားတာလဲ"
"မရွဲ့နဲ့ သီဟရာ ၊ ငါဆုံးဖြတ်ထားပြီးပြီ"
ကော်ဖီခွက်ကို ကိုင်ထားရင်း ရုံးခန်းထဲဝင်လာသည့်သီဟက ဇွဲကိုခနဲ့သည်။ဒီကောင်သည်လည်း ဆရာဝန်မလို့သာပဲ အားတိုင်းယားတိုင်း တခေတ်စေရာ ရှိသည့်နေရာကိုပဲ သူ့မှာအသည်းအသန်တွေလာနေတာ။ခက်တာက တခေတ်စေရာဆိုတဲ့ကောင်က ပွေသည်။ ခုတောင် ကနေဒါမော်ဒယ်ကောင်လေး Fuki ဆိုသည့်တစ်ယောက်နဲ့ သတင်းတွေထွက်နေသည်။
YOU ARE READING
ဖေဖေ့သူငယ်ချင်း
RomanceSec Ver ပါဗျ။ မတူညီတဲ့ ဇာတ်အိမ် မတူညီတဲ့ Character နဲ့လာပါမည်။ မကြိုက်နှစ်သက်သူများ Drop ဖို့အကြံပြုပါသည်။ ဤ Fiction ကြောင့် အငြင်းပွားဖွယ် တစ်စုံတစ်ရာ မရှိလိုပါ။