Chapter - 1
ဧကရာဇ် ကျန့်ဝူ၏ နန်းသက် ၂၂ နှစ်တာကာလ နှစ်သစ်ကုန်လွန်သွားခဲ့ပြီဖြစ်သည်။
အပြင်၌ရာသီဥတုမှာ အလွန်အေးနေသေးသည်။ ရှည်လျားပြီး အုံ့မှိုင်းသော ဆောင်းရာသီဖြစ်သည့်အလျောက် နှစ်သစ်၏နှစ်လမြောက်လကိုရောက်သည့်တိုင် ရာသီဥတုက လုံးဝမပူလာခဲ့ပေ။
မနေ့က ညသန်းခေါင်မှာ နှင်းပြန်ကျပြီး ယနေ့နံနက်အစောပိုင်းတွင် မြို့တော်တစ်ခုလုံးသည် အဖြူရောင်ဖြစ်ကာ အနီရောင်နံရံများ၊ အပြာရောင်ကြွေပြားများနှင့် ကျောက်စိမ်းမျှော်စင်များ၌ နှင်းများဖုံး၍ ဖြူဖွေးနေပေသည်။
မြို့အရှေ့ဘက်ရှိ ယီချွင်အမတ်မင်း အိမ်တွင် မီးခိုးရောင်နှင့်အညိုရောင်ရောသော သားမွေးအင်္ကျီဝတ်ဆင်ထားတဲ့ အမျိုးသမီးကြီးတစ်ဦး ကျင်နင်း ခြံဝင်းဆီသို့ ပြေးဝင်လာခဲ့သည်။ သူမသည် တံခါးခုံးကို ကျော်ဖြတ်ကာ ကမုတ်တိုင်ပေါ် ထောက်၍ အသက်ဝဝရှူလိုက်သည်။ ထို့နောက် သူမက အလျင်စလို အော်လိုက်၏။
"အကြီးဆုံးသမီးတော်! အခြေအနေ မကောင်းတော့ပါဘူး!"
ဤတွင် လက်ဖက်ရည်ပွဲကိုင်ဆောင်ထားသော အစေခံမလေးတစ်ယောက် လိုက်ကာကိုလှန်ကာထွက်လာ၏။
သူမသည်အသက်ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်သာရှိဦးမည်။
"အိုး... မိန်းကလေး လျန်ချောင် ငါ့မှာပြောစရာရှိလို့ပါ၊ ကိစ္စအကြီးကြီးတစ်ခုဖြစ်တော့မယ်!"
အဘွားကြီး ကျန်းက အော်ပြောသည်။
သို့ရာတွင် အကြီးဆုံးသမီးတော်၏အိမ်ဆောင်ဟာ စည်းကမ်းတွေ အရမ်းတင်းကျပ်သည်။ ယေဘုယျအားဖြင့် အိမ်အကူနှင့် အစေခံကြီးများက ခြံထဲတွင်သာ အလုပ်လုပ်ရသည်။ ဒုတိယတန်းစား အခိုင်းအစေတို့မှာ အခန်းထဲသို့ ဝင်နိုင်သော်လည်း အကြီးဆုံးသမီးတော်၏ အဆောင်တော်ကိုတော့ သူမနှင့် အကျွမ်းတဝင်ရှိသော ပထမတန်းစား အစေခံများသာ ဝင်နိုင်သည်။
ဤသို့ဖြင့် အကြီးဆုံးသမီးတော်၏ ခြံထဲကို ဝင်လိုက်တာနဲ့ စည်းကမ်းတွေ အများကြီးရှိပါသည်။
ယခုတွင် လျန်ချောင်က အဘွားကြီးကျန်း အိမ်တော်ထဲဝင်လာသည်ကို မြင်တော့ ဒေါသအရမ်းထွက်ကာ တံခါးကို အမြန်ပိတ်ချလိုက်၏။