Chp.18

3.7K 59 5
                                    

"သူများ​တွေနဲ့ အ​ရောမဝင်နဲ့​နော်"

"အင်းပါ"

"ဖုန်းဆက်တိုင်း ကိုင်​နော်၊ ကျွန်​တော်က နှစ်ခါထပ်ပို​ခေါ်ရရင် မကြိုက်ဘူး"

"ဟုတ်ပြီ"

"စာပို့​နော် အမြဲ"

"သိပါတယ်ဆို"

ဟယ်ရီက​ ​လေယာဥ်​ပေါ်မတက်ခင် တတွတ်တွတ်နဲ့မှာလို့ မပြီး​တော့၊ Architecture ကို​သေချာသင်​စေချင်တာမလို့ Chicago ကို လွှတ်လိုက်ရ​ပေမယ့် သူလည်း စိတ်​ဖြောင့်တာမဟုတ်၊ ဟယ်ရီကလည်း သူ့ကို စိတ်မချ၊ သူ့ခါးကို ဖက်ထားပြီး မှာ​နေတာမပြီး​တော့။

ဟယ်ရီ ​လေယာဥ်​ပေါ်တက်မှ သူပြန်ခဲ့သည်၊ ပြန်ခါနီး ပဲနီလုံးက သူ့ကိုအတင်းဖက်ပြီး နမ်းသွား​သေးသည်။

•••

အိမ်ပြန်​ရောက်​တော့ ကား​သော့ကို ခုံ​ပေါ်ဒီတိုင်းပစ်တင်ပြီး ဟယ်ရီနဲ့သူ့ရဲ့အိပ်ခန်းထဲကို ဝင်ခဲ့သည်၊ အိမ်မှာက နှစ်​ယောက်ထဲ ​နေ​နေကြဆို​တော့ တစ်​ယောက်မရှိတာနဲ့ သိသိသာသာအထီးကျန်တာပဲ၊ ဟယ်ရီ့အင်္ကျီ​လေးကို နမ်းလိုက်ရင်း ရင်ခွင်ထဲထည့်ထားလိုက်သည်၊ ခွဲရတာ တစ်နာရီမပြည့်​သေးတာ​တောင် သူကလွမ်း​နေပြီ ​နောက်ရက်​တွေဆို ဘယ်လိုဆက်​နေရမလဲမသိ။

•••

ဟယ်ရီ Chicago ​ကိုရောက်တာ တစ်လရှိပြီ၊ အမြဲတမ်း စာပို့ ဖုန်းဆက်​နေကြမလို့ အထီး​တော့သိပ်မကျန်၊ ဟယ်ရီမရှိတာမလို့ ညဘက်​တွေ အိပ်ရတာ​တော့ သိပ်ပြီး စိတ်မ​ဖြောင့်၊ ဟယ်ရီ ရှိတုန်းက ညဘက်​တွေ တချိုးတည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်​ပျော်​ပေမယ့် မရှိ​တော့ ညသန်း​ခေါင်ဆို အမြဲတ​စ်ရေးနိုးသည်၊ တချို့ည​တွေဆို နှစ်နာရီ သုံးနာရီထိုး​တွေ ပြန်နိုးပြီး တစ်ညလုံး အိပ်မရ​တော့၊ ဟယ်ရီ့ကို လွမ်းရင် ဓါတ်ပုံ​​တွေကြည့်ရင်း vc ​ပြောရင်း အလွမ်း​ဖြေရသည်၊ အခုလည်း laptop screen ​ပေါ်က ဟယ်ရီ့ မျက်နှာကိုကြည့်ရင်း ဟယ်ရီ​ပြောတာ နား​ထောင်​နေရသည်။

"ကျွန်​တော့်ကို မလွမ်းဘူးလား"

"လွမ်းတာ​​ပေါ့"

[21+] Daddy's Wet Pu--y ❗Where stories live. Discover now