Chp.8

7.6K 68 0
                                    

လောရန့်စ်နဲ့ အန်ဒရူးက ငယ်သူငယ်ချင်းတွေ ၊ လောရန့်စ်အဖေနဲ့ အန်ဒရူးအဖေက အချစ်ဆုံး သူငယ်ချင်းတွေလေ ၊ ဒါက အများအမြင်ပေါ့ ၊ ငယ်ငယ်တည်းက အန်ဒရူးက လောရန့်စ် အနိုင်ကျင့်တာခံခဲ့ရတာ ၊ ဘောလုံးဂိုးပေါက်မှာ ရပ်ခိုင်းပြီး မျက်နှာကို ဘောလုံးနဲ့ပစ်တာ ၊ လက်ပြန်ကြိုးတုတ်ပြီး ရေနှစ်တာ ၊ ဆေးလိပ်မီးနဲ့တို့တာ ၊ ဘတ်စကတ်ဘောခြင်းအောက်မှာရပ်ခိုင်းတာတွေ ၊ အဆိုးဆုံးက ဆေးလိပ်မီးနဲ့တို့တာပဲ ။

လောရန့်စ်က ခါးပတ်ကို မြှောက်လိုက်တာမလို့ အန်ဒရူးမှာ မျက်လုံးမှိတ်ရင်း သူ့ကိုယ်ပေါ်ကျလာမဲ့ရိုက်ချက်ကို စောင့်နေလိုက်သည် ။

"ပရော်ဖက်ဆာ!"

သူ့ပေါ်ကို ရိုက်ချက်မရောက်လာခင် ခြံဝကအသံကြောင့် လောရန့်စ်လက်တွေရပ်သွားသလို ၊ သူလည်း မျက်လုံးဖွင့်ကြည့်မိသည် ။

"ပရော်ဖက်ဆာ!?"

အသံက ပီပီသသ နောက်တစ်ကြိမ်ထပ်ထွက်လာသည် ။

"တံခါး..တံခါး သွားဖွင့်ဦးမယ်"

သူ့မှာ ခြံတံခါးဆီအမြန်ပြေးရင်း တံခါးဖွင့်ပေးလိုက်သည် ၊ တစ်မိနစ်လောက်ဖြစ်ဖြစ် လောရန့်စ်လက်က လွတ်အောင်ကယ်နိုင်မှာက ဒီအသံပိုင်ရှင်ပဲရှိတာလေ ။

"ဖရက်ဒ်?"

"ကျွန်တော်က ပရော်ဖက်ဆာမရှ်ိဘူးတောင်ထင်နေတာ"

ဖရက်ဒ်က ဟယ်ရီ့ရဲ့ အချစ်ဆုံးသူငယ်ချင်းပင် ၊ ဒီကောင်လေးက တစ်ခါတစ်လေ သူအားရင်လည်း အန်ဒရူးအိမ်လာပြီး ပန်းချီဆွဲတတ်‌သေးသည် ။

သူ ဖရက်ဒ်ကို ပြုံးပြတော့ ကောင်လေးက ပြန်ပြုံးပြရင်း အိမ်ထဲဝင်လာသည် ။

"ပရော်ဖက်ဆာ့အိမ်မှာ ဧည့်သည်ရောက်နေတာလား?"

"ဟုတ်တယ် ဒါပေမဲ့ ကိစ္စမရှိပါဘူး"

ဖရက်ဒ် ထပြန်သွားမှာကြောက်တာမလို့ သူ့မှာ အသည်းအသန် ငြင်းရသေးသည် ၊ လောရန့်စ်မျက်နှာကတော့ တင်းမာနေပြီး ဘယ်သူ့ကိုမှမကြည့် ၊ ခါးပတ်ကတော့ ပြန်ဝတ်လိုက်ပုံပဲ ။

"ဖရက်ဒ် မပြန်သေးဘူးမလားဟင်"

"အွန်း! မပြန်သေးပါဘူး ၊ နေမကောင်းလို့ မာမီကအိမ်မှာနေခိုင်းပေမဲ့ ၊ ပျင်းလို့ ပုံလာဆွဲတာ ဟီး"

[21+] Daddy's Wet Pu--y ❗Where stories live. Discover now