1 U/Z

1K 22 0
                                    

Uni

🆔ပျက်စီးသွားသောအချစ်အိမ်လေး🆔

🆔အပိုင်း ၁🆔

ရက်စက်သွားသည် ဟုလည်း မပြောရက်ပါဘူး။ လမ်းခွဲခြင်း ဆိုသော အဆုံးသတ်တစ်ခုမှာ က ချစ်ခြင်းရဲ့ နှလုံးသားတွေ  မြေခကြွေကျခဲ့ရလေသည်။ ကိုကိုက အတိတ်မေ့ဝေဒနာသည် တစ်ဦးအဖြစ် ချစ်ခြင်းဘဝထဲကို ရောက်ရှိလာပြီး ချစ်ခြင်းနှင့် လက်ထပ်ခဲ့သည့် အရာအားလုံးကို အတိတ်ပြန်သတိရလာသည့် အခါ အားလုံးကို မေ့ပစ်နိုင်ခဲ့ပြီ မဟုတ်လား။ ကိုကိုကတော့ ချစ်ခြင်းကို ဥပေက္ခာတွေနှင့် ကျောခိုင်းသွားနိုင်သော်လည်း ချစ်ခြင်းဘွဲ့ဆိုသော သူမကတော့ ကိုကိုရဲ့ အရိပ်ကလေးက အစ မက်မောစွာ ဖက်တွယ်နေတတ်ဆဲ ဖြစ်သည်။။ ကိုကို သိလား။ ကိုကို့စွန့်ပစ်ခဲ့တဲ့ ချစ်ခြင်းဘွဲ့ ဆိုတဲ့ မိန်းမက ကိုကို့ကို ရူးမတက်သေလောက်အောင် ချစ်တယ်ဆိုတာ။

မဖိတ်ခေါ်လေဘဲ မျက်ရည်တွေက ပါးပြင်ပေါ် စီးကျလာကြလေသည်။ စူမို့မို့ ဗိုက်ကလေးကို လက်ဖြင့် စမ်းကြည့်တော့ ရင်ထဲမှာ အလိုလို ဝမ်းနည်းနာကျင်လာရလေသည်။ အခုဆို ကိုကို့ ရင်သွေးလေးကို ချစ်ခြင်းလွယ်ထားခဲ့ရသည့်မှာ ၇ လထဲရောက်ပြီ ဖြစ်သည်။ မကြာခင်လူလောကထဲ ရောက်လာတော့မည့် ရင်သွေးလေးအတွက် ဖခင်၏ ငြိုငြင်ခြင်းတွေနှင့် ရပ်တည်စေခဲ့သည့်အတွက်တော့ ချစ်ခြင်း နောင်တရ၍ မဆုံးဖြစ်မိလေသည်။

လွန်ခဲ့သော တစ်နှစ်အကြာက~~~~~

"သမီးလေး ချစ်ခြင်း"

ရိုးစစ်မာန်၏ မိခင် ဒေါ်ခိုင်သဇင်သည် ချစ်ခြင်းရဲ့ လက်ကလေးအား ဆုတ်ကိုင်ရင်း အားကိုးတကြီးခေါ်လိုက်ခြင်း ဖြစ်သည်။ ချစ်ခြင်းဘွဲ့က သူမရဲ့ နောက်ဆုံးမျှော်လင့်ချက်တစ်ခုသာ ဖြစ်နေခဲ့လေသည်။ သားဖြစ်သူ အတိတ်တွေကို သတိမရဖြစ်နေစဥ် သူမရဲ့ အကြံအစီကို ဖြစ်အောင်ကြံစည်ဖို့ တစ်ခုသာ သူမထံမှာ ရှိနေလေသည်။

ဤသည့်က တစ်ချက်ခုတ် နှစ်ချက်ပြတ်။ သားရဲ့ ချစ်သူမိန်းကလေး ရွှေစင်နှင့်လည်း ပြီးသွားမှာ ဖြစ်ပြီး သူမ သမီးလေးသဖွယ် ချစ်ရပါသော ချစ်ခြင်းလေးကိုလည်း တရားဝင်  သမီးအဖြစ်ချစ်ရတော့မည့်အရေးမို့ သူမ အနေဖြင့် သားနှင့် သမီးကို နီးစပ်စေချင်ခဲ့လေသည်။

ပျက်စီးသွားသောအချစ်အိမ်လေးWhere stories live. Discover now