အပိုင်း ၁ (သူမအစဖြစ်တည်ရာ)

9 1 0
                                    


ဝေးလံတဲ့ နေရာတခုကနေ ပြေးနေရသလို
အရာရာက ပင်ပန်းလွန်းနေသည်။
အမှောင်နံရံတွေသာ လေးဖက်လေးလံလုံး
ကာရံထားတဲ့ ကမ္ဘာကြီးထဲမှာ
နေထိုင်ရသူလို ဘာမှ မမြင်ရပါ ။
တဖြည်းဖြည်းနဲ့ အိပ်မက်ဆိုးက နိုးသလို
အသိစိတ်ကပ်လာတယ် ။
အဝေးကြီးကနေလာတဲ့ စကားသံ တွေက
တဖြည်းဖြည်း အနားကို ကပ်သလို ရောက်လာသလို
နီးလာနေသည်။

ပိုးသတ်ဆေးနံ့များနှာခေါင်းထဲ၀င်လာပြီး
တတောက်တောက်ကျနေတဲ့ Drip ကဆေးစက်ကျသံလို
အသံမျိုးနဲ့ နှလုံးခုန်စက် တပ်ထားရတဲ့ အသံမျိုးက
နားထဲ၀င်လာသည် ။
ပထမဆုံး သတိထားမိတာက အိပ်ပျော်နေတဲ့ အနေအထားနဲ့ လဲလျောင်းနေတယ်ဆိုတာပဲ .   ပြီးတော့
ခန္ဓာကိုယ် တခုလုံးက လှုပ်လို့မရတာမျိုး ....။
ကြိုးစားရုန်းကန်ပေမယ့် ...ခြေထောက်တွေက
လှုပ်လို့မရ ဖြစ်နေသည်။ အားကုန်သုံး၍လှုပ်ကြည့်မှ
လက်ချောင်းတွေက လှုပ်လို့ရသွားတာမျိုး .....။

မိန်းမ တယောက်ရဲ့ စကားသံနဲ့ အတူ
လက်ကို တယောက်ယောက်လာထိကိုင်နေတာခံစားမိသည်။
မိနစ်အနည်းငယ် အကြာမှာ မျက်လုံးကို
တယောက်ယောက်က လက်နဲ့ လာဖွင့်ပြီး
ဓါတ်မီးနဲ့ လာရောက်ထိုးကြည့်တာကို သိလိုက်ပြီးနောက်
ခဏ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်သွားသည်။

______________________________________________

ဒီတခါ မျက်လုံးဖွင့်လို့ ရသလို
လက်များလဲ လှုပ်ရှားလို့ ရလာသည် ။
စူးရှသော အလင်းတန်းများ‌ကြောင့် မျက်လုံးဖွင့်လျင်
ဖွင့်ချင်း အဖြူရောင်များသာ မြင်ရပြီး ..
မျက်ရည်ကျမတက် ဖြစ်နေသည်။
ဒုတိယအကြိမ်ဖွင့်ကြည့်တော့လဲ ..အရာရာကို ကွဲပြားစွာ မမြင်နိုင်ပါပေ ။တဖြည်းဖြည်း အကြိမ်များစွာ
ကြိုးစားဖွင့်မှသာ ရောက်နေတဲ့ ပတ်၀န်းကျင်ကို
မြင်ရပါတော့သည်။

အဖြူရောင် မျက်နှာကျက်နဲ့ အေးစိမ့်နေတဲ့ ပတ်၀န်းကျင်အနေအထား ပိုးသတ်ဆေးလိုအနံ့ကြောင့် ဘေးဘီဝဲကြည့်တော့ ဆလိုင်းချိတ်ထားတဲ့ ကိုယ့်လက်ကို အရင်
မြင်မိသည် ။ခေါင်းမှာ ကိုက်ခဲနေသလို လှုပ်လိုက်တာနဲ့ မူးနေသည် ခန္ဓာကိုယ်တခုလုံးကတော့ လေးပင်စွာနဲ့
အလွယ်တကူ မလှုပ်နိုင် ။ အစိတ်အပိုင်းတခုချင်းစီက
အချိန်ကြာမြင့်စွာ အနားရသလို ဖြစ်ပြီး ..လှုပ်ရှားတိုင်း
ခက်ခဲနေသည် ။
သေချာ ဖြည်းဖြည်းချင်း ကြည့်မိမှ ဒါဟာ ဆေးရုံတခုရဲ့
လူနာအခန်းထဲမှာ ဖြစ်နေမှန်း သတိထားမိတော့သည်။
ဒါဆို လူနာပေါ့ ....
ဒါပေမယ့် ဘာကြောင့် ဒီဆေးရုံပေါ် ရောက်နေမှန်း
စဉ်းစားမရ ...။ဗလာသာ ဖြစ်နေသည်။

Stranger SoulWhere stories live. Discover now