part -1

1.2K 35 2
                                    

ထိုကျောင်းကြီးသည်
ချမ်းသာသောသူများ၏
သားသမီးများတွေသာ
တတ်နိုင်သော ကျောင်းဖြစ်သည်။

ထိုကျောင်းတွင် King တစ်ဦးရှိသည်
သူ၏ ဖခင်က အတော်လေးချမ်းသာသည်။

ထိုကောင်လေးနာမည်က ဂင်မ်ထယ်ယောင်း
ဖြစ်သည်။ သူက မတူသလိုမတန်သလို
ဆက်ဆံတတ်သည်။ ငယ်ငယ်ကတည်း
မိခင်ဆုံးပါးခဲ့၍ ဖခင်သူဖြစ်က နောက်မိန်းမ
ယူကာ ထိုအချက်ကိုစိတ်နာပြီး
ဆိုးချင်တိုင်းဆိုးတော့သည်။

မိထွေးဖြစ်သူကလဲ ကောင်းသူမဟုတ်ပေ
ဂင်မ်ထယ်ယောင်းကို မကောင်းတဲ့
အကျင့်တွေသင်ပေးခဲ့သည်။

အခုတော့ ဂင်မ်ထယ်ယောင်းဆိုတာ
ကျောင်းရဲ့ ချောမောလှတဲ့ အလှလေး
တစ်ယောက်လို့ တင်စားကြသည်။

ရည်းစားဆိုရင် မှိုလိုပေါက်နေသည်။
ဂင်မ်ထယ်ယောင်းကိုဆို
တော်ယုံလူသွားမရှုပ်ရဲပေ။

ဒါပေမဲ့ ကျောင်းမှာကောင်လေး
တစ်ယောက်က ဂင်မ်ထယ်ယောင်းကို
ကြိုက်နေသည်။ ထိုကောင်လေးက
ရုပ်ရည်ခက်ဆိုးဆိုးဖြင့် မှန်ကြောင်
ဖြစ်သည်။

သူ့ကိုဆို လူတွေမပေါင်းကြ
ရုပ်ဆိုးတယ် ဆံပင်ကမျက်လုံးခက်အုပ်"
ဖြစ်ပြီး မျက်မှန်နဲ့ဆိုတော့။

ဂင်မ်ထယ်ယောင်းက ရည်းစားသာ
ရှုပ်တာ ရုပ်ရည်ကြည့်တွဲသည်။

ထိုမှန်ကြောင် ကောင်လေးကို
အနိုင်ကျင့်သူတွေရှိသည်။
ဂင်မ်ထယ်ယောင်းအပါအ၀င်။

"ဟို...ဟိုကျွန်တော် ပန်းလေးပေး
ချင်လို့ လက်ခံပေးပါ့လားဟင်"

ထယ်ယောင်း ထိုမှန်ကြောင်လေးပေးတဲ့
ပန်းကိုယူကာ...

"မင်းနာမည်က? "

"ဂျွန်ဂျောင်ကု..ပါ"

"ဪ"

ပန်းကို အင့်ခနဲလွတ်ချပြီး
တတ်နင်းလိုက်သည်။

"မင်းလို ရုပ်ဆိုးက ငါ့ကိုပန်းလာ
ပေးရဲတယ်ပေါ့ ပေးတဲ့အတွက် ရလဒ်က
ခုလိုပဲရမယ် မှတ်ထား!"

ဟုတ်ပါသည်။ ထိုကောင်လေးက
‌ဂျွန်ဂျောင်ကုဖြစ်သည်။

ဂျောင်ကု ခေါင်းငိုက်ချလိုက်ကာ
မျက်မှန်ထဲက မျက်၀န်းတွေမှာ
မျက်ရည်များ ကျဆင်းလာလျက်။

𝙼𝚛.𝙹𝙺Where stories live. Discover now