ညဘက်မို့လူပါးသော်လည်းဆောင်းဟွန်းဟာအိပ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။ ပထမဆုံးညဆိုင်းစဆင်းသည်မို့ကောင်တာမှာရပ်သာနေတာ စိတ်ကလူနဲ့အတူရှိမနေ၊ ဘာရယ်မရှိပဲဒီတိုင်းမတ်တပ်ကြီးနံရံကိုစိုက်ကြည့်နေမိရင်း စတိုးဆိုင်တံခါးဆည်းလည်းအသံလေးကြားလိုက်ရသည်မို့ဆက်ကနဲခေါင်းထောင်လိုက်မိရ၏။
"ကြိုဆိုပါတယ်!!"
"...အာကျယ်လိုက်တာ...."
အပြုံးလေးတစ်ခုဆင်မြန်းလိုက်ကာမြန်မြန်ဆန်ဆန်ကြိုဆိုစကားဆိုလိုက်ချင်းပဲအာကျယ်သည်အပြောခံလိုက်ရသည်တဲ့လေ။
စိတ်ထဲကတော့ဖြင်းကနဲဖြစ်သွားရပါရဲ့။
ဒီကောင်ဘာမို့လို့လူကိုလာဝေဖန်နေရတာလဲ လန့်သွားလို့နည်းနည်းကျယ်သွားရုံလေးတင်ကို..။
ဆိုင်ကိုတစ်ချက်ဝေ့ဝိုက်ကာကြည့်လိုက်ပြီးသည်နှင့်ချက်ချင်းစိတ်ပျက်သွားသယောင်ပင်။
ကောင်တာဆီကိုဘောင်းဘီအိတ်ထဲလက်ထည့်ကာခပ်မိုက်မိုက်ပုံစံဖြင့်လျှောက်လာပြီး ကောင်တာပေါ်သို့လက်နှစ်ဖက်နှင့်ထောက်ကာဆောင်းဟွန်း၏မျက်နှာတည့်တည့်ကိုစိုက်ကြည့်လာသည်ကစူးရှရှနှင့်။
"ဒီမှာ...စီးကရက်ကဘလူးဘယ်ရီအရသာမရှိဘူးလား အရင်ကတင်နေကျMarlboroတံဆိပ်"
"အာ...ဟုတ်ကဲ့ အဲ့တာကကုန်နေလို့ပါဧည့်သည်"
သူ့ရှေ့ကကောင်လေးကငယ်ဦးမည့်ရုပ်သာဆိုသည် ဝင်ဝင်လာချင်းမျက်မှောင်ကိုကြုံ့ပြီးမေးလာသည်ကစီးကရက်ကုန်နေလားတဲ့။
ဘေးဘီဝဲယာသို့တစ်ချက်ဝေ့ဝိုက်ကြည့်ကာရှာကြည့်လိုက်တော့သူလိုချင်သည့်စီးကရက်ကမရှိ။ ဆင်တူအရသာနှင့်စီးကရက်သာရှာပေးလိုက်မည်ဟုတွေးမိသော်လည်းMarlboroကလွဲရင်အရသာပါသည့်စီးကရက်ကိုဒီဆိုင်ကမတင်တာအမှတ်ရသွားသည်မို့ခပ်ပါးပါးလေးအားနာသွားရ၏။
"တောင်းပန်ပါတယ်နော် တစ်ခြားတံဆိပ်ကစီးကရက်တွေကလည်းအရသာမပါတာပဲရှိလို့ပါ"
သူ့ဘက်ကသေချာတောင်းပန်လိုက်သော်လည်းတစ်ဖက်ကကောင်လေးကကျစ်တစ်ချက်စုပ်သပ်ကာသက်ပြင်းတစ်ခုကိုချလာခဲ့သည်။

YOU ARE READING
𝘜𝘯𝘦𝘹𝘱𝘦𝘤𝘵𝘦𝘥 𝘈𝘵𝘵𝘢𝘤𝘩𝘮𝘦𝘯𝘵✓ •oneshot•
FanficConvenient storeကကောင်တာထိုင်နေတုန်း အချိုးမပြေတဲ့ကာစတန်မာနဲ့တွေ့လိုက်ရပေမယ့် အချိန်နည်းနည်းကြာတော့ ညီအကိုတွေကနေဒီလိုကိုမနေနိုင်တော့တဲ့အထိကိုဖြစ်လာခဲ့တာပဲ Hoonki oneshot