ဇာတ်လမ်းအကျဉ်း

67 1 0
                                    

❤️ဇာတ်လမ်းအကျဉ်း❤️

ဟုန်ချီကွန်မြူနတီ မှ လျန်ပေါင်ကျန်း သည် မွေးဖွားစဉ် အခါကာလကထဲက အလှလေးအဖြစ် နာမည်ကျော်ကြားသည်။ ထိုအလှလေးသည် အမျိုးသားချည်ထည်စက်ရုံမှ ဒါရိုက်တာနှင့်လက်ထပ်ပြီး နေ့တိုင်းကောင်းပေ့ဆိုသည့် ဆန်စပါးတွေ အစေ့အဆံတွေကို စားသုံးနိုင်တော့မှာမို့ ကွန်မြူနတီတစ်ခုလုံးက အားကျမနာလိုဖြစ်ခဲ့ရ၏။

သို့မူကား ထိုအလှလေး၌ ဘယ်သူမှမသိသေးသော လျှို့ဝှက်ချက်တစ်ခုရှိနေသည်။ သူမရဲ့အိပ်မက်ထဲတွင် တခါမှမမြင်ဖူးသေးသောသူစိမ်းတစ်ယောက်နှင့် ရင်းနှီးကျွမ်းဝင်သော လှုပ်ရှားမှုတွေကို အမြဲပြုလုပ်နေခဲ့၏။

လျန်ပေါင်ကျန်း အံ့ဩမိပါ၏... ငါကအဲ့လိုနှာဘူးမမျိုးလား?

မင်္ဂလာပွဲမကျင်းပခင် ၅ရက်အလိုတွင် သူမ၏ ခင်ပွန်းလောင်းမှ တရွာထဲသူ သုန့်ကျားရန် နှင့်ဖောက်ပြန်နေခြင်းအားသိရှိခဲ့ရပြီးနောက် ထိုသူနှင့်မင်္ဂလာပွဲကိုဖျက်သိမ်း ဖြစ်
ခဲ့သည်။ တိုက်ဆိုင်လွန်းသည်ဟုပဲဆိုရမလား... ထို သုန့်ကျားရန် နှင့် ဘလိုင်းဒိတ် တွေ့ဆုံရမည့်သူက သူမအိပ်မက်ထဲက အမျိုးသားဖြစ်နေခဲ့တယ်လေ...

ထိုသူကိုမြင်ပြီးနောက် သူမလုံးဝကြက်သေသေသွားခဲ့ရသည်။ မျက်နှာထားတင်းတင်းနဲ့အေးစက်ပြီး တောင့်ဖြောင့်ကာ အရပ်ရှည်သည်။ ဖုံးကွယ်ထားသော အဝတ်အစားတွေအောက်က ခါးသိမ်သိမ်လေးမှာရော သူမအိပ်မက်ထဲကလို အမာရွတ်လေးရှိနေမလားမသိနိုင်ပေ...

ရွှီရှန့်ကျယ် သူတို့နှစ်ယောက်ကြားက ပတ်သပ်မှုကို ဂရုမစိုက်သော်လည်း သူချိန်းတွေ့တဲ့သူနဲ့ဖောက်ပြန်နေတဲ့ တဖက်သားရဲ့သတို့သမီးလောင်းနှင့် တွေ့ဆုံရချိန်မှာတော့ ထိုအမျိုးသမီးက သူ့အား တမျိုးတမည်ကြည့်နေခဲ့တာကို သတိပြုမိခဲ့၏။

ရွှီရှန့်ကျယ် : မင်းတို့ယုံမလားတော့မသိ ငါတော့ မိန်းမ လူရမ်းကား နဲ့တွေ့နေပြီနဲ့တူတယ်...

လက်ထပ်ပွဲပျက်သွားခဲ့တာကြောင့် လျန်ပေါင်ကျန်း တစ်ယောက် မြို့သူလုပ်ပြီး အစားကောင်းတွေမစားရတော့ဘူး သိက္ခာကျနာမည်ပျက်ပြီဟူသော ကောလဟလသတင်းများ ရပ်ရွာထဲ၌ ပြန့်ကားကုန်၏။ သူမ၏ခင်ပွန်းလောင်း အမျိုးကောင်းသား ချည်ထည်စက်ရုံ ဒါရိုက်တာမှာ တရွာထဲသူဖြစ်သော သုန့်ကျားရန် နှင့် လက်ထပ်သွားခဲ့သည် မဟုတ်လား...

သိပ်မကြာခင်အချိန်မှာပဲ အလှလေး လျန်ပေါင်ကျန်း ဟာလဲ မြို့သားတစ်ယောက်နဲ့လက်ထပ်သွားပြီး ခြံနဲ့ဝင်းနဲ့ ချမ်းသာစွာ နေထိုင်သွားရလေ၏။ ဒါတင်မက ရွှီရှန့်ကျယ် သည် သူမအား အစွမ်းကုန်အလိုလိုက်ပြီး ဆထပ်တပိုး ပိုချမ်းသာအောင် ကြိုးစားပေးခဲ့လေသည်။

...

သုန့်ကျားရန် အတိတ်၌ပြန်လည်မွေးဖွားလာခဲ့ရပြီ။ အတိတ်ဘဝတုန်းက တရွာထဲသူ လျန်ပေါင်ကျန်း သည် အမျိုးသားချည်ထည်စက်ရုံမှ မြို့သားဒါရိုက်တာနှင့် လက်ထပ်ပြီး ကောင်းပေ့ဆိုသည့် အစေ့အဆံများကိုသာ ဝလင်စွာစားသုံးရသည်။ သူမကတော့ အေးစက်အကြင်နာမဲ့သည့် စစ်မှုထမ်းဟောင်း ရွှီရှန့်ကျယ် နှင့်လက်ထပ်ခဲ့ရပြီး ဘဝကို အဆင်မပြေစွာဖြတ်သန်းခဲ့ရ၏။ လက်ထပ်ပြီး ၂နှစ်အကြာမှာပဲ ရွှီရှန့်ကျယ် သည် မတော်တဆမှုဖြင့် သေဆုံးသွားခဲ့သည်။

ပြန်လည်မွေးဖွားလာပြီးနောက် လျန်ပေါင်ကျန်း ၏ ဘဝကို ဖြတ်ခုတ်ယူကာ အချမ်းသာဆုံးအမျိုးသမီးလုပ်မည်ဟု သံန္ဓိဌာန်ချထားခဲ့သည်။ သို့မူကား သူမပြောင်းလဲလိုက်သောဘဝက မှန်းချက်နှင့်နှမ်းထွက်မကိုက် ဖြစ်လိမ့်မည်ဟု ဘယ်သူထင်ခဲ့ပါမည်နည်း......

၇၀ခုနှစ်က ချစ်စဖွယ်ဇနီးငယ်လေးWhere stories live. Discover now