Ch _ 1

101 11 0
                                    

ခါးထိ ရှည်သော ဆံပင်နက်နက်တို့သည် ရေစိုရွှဲကာ တောက်ပနေသည် ။ အဖြူရောင် လက်ရှည်ရှည်တို့သည် ဆံပင်တွေကြား ပြေးလွှားကာ အဖြူရောင် အမြှုပ်ကလေးများဖြင့် အိစက်စေသည် ။ အ၀တ်မပါသော ခန္ဓာကိုယ်သည် တောင့်တင်းကျစ်လျစ်နေကာ တက်တူးရုပ်လေးများဖြင့် ပြည့်နှက်နေ၏ ။

ရေပန်းမှ အားကောင်းကောင်း ကျလာသော ရေသည် ဆပ်ပြာ အမြှုပ်များကို အမြန် ကုန်စင် စေသည် ။ ခဏမျှ ရေပန်းအောက် နေနေပြီးမှ ရေချိုးခြင်း အမှုကို အဆုံးသတ်လိုက်သည် ။

အဖြူရောင် ဘဘက်တစ်ထည်ကို ခါးမှာ ပတ်ပြီး နောက်တစ်ဘက်တစ်ထည်နဲ့ ဆံပင်ရှည်တို့ကို ရေခြောက်အောင် သုတ်ရသည် ။ ဖွင့်ထားသော TV တွင် သတင်း အစီအစဥ်တစ်ခု လာနေ၏ ။

ရေမွှေးပုလင်းပေါင်းများစွာရှိသည့် မှန်တင်ခုံရှေ့တွင် ထိုင်ကာ hair dryer ခလုတ်ကို power on လိုက်သောအခါ လေတိုးသံသည် တဝူးဝူး ထွက်ပေါ်လာသည် ။

" ယခုဆက်လက် တင်ဆက်ပေးမှာက Paradise Hotel တွင် လူတစ်ဦး သေဆုံးသည့် သတင်းပဲ ဖြစ်ပါတယ် ။ သေဆုံးသူသည် MK Group ရဲ့ အဓိက ရှယ်ယာ၀င်ဟောင်းတစ်ယောက်ဖြစ်တယ်လို့ သိရှိရပြီး သွေးရိုးသားရိုး ဟုတ်မဟုတ်ကို ရဲဘက်က စုံစမ်းလျက်ရှိတယ်လို့ သိရှိရပါတယ် ။ သေဆုံးသူဟာ မကြာသေးခင်က ရှယ်ယာအဖွဲ့မှ - "

TV ရီမုဒ် ကွန်ထရိုးကို ပိတ်ချလိုက်သည် ။ ထို့နောက် ခြောက်သွေ့စပြုနေသည့် ဆံပင်တွေကို ဘီးနဲ့ သေချာဖြီးကာ ခပ်မြင့်မြင့် ထုံးဖွဲ့လိုက်သည် ။ ဆံတစ်စတလေမှ ဝဲကျနေတာမျိုး မရှိအောင် သေချာလေး ထုံးလိုက်သောအခါ ဖြူစင်သော လည်တိုင်စောင်းတစ်လျှောက်တွင် " William Shakespear said " No Legacy is So Rich as Honesty " " ဟူသော တက်တူးစာတန်းလေး ပေါ်လာ၏ ။

ဆံပင် ပြင်ပြီးပြီ ဖြစ်သောကြောင့် မှန်ရှေ့မှ ထကာ ဗီရိုကို ဖွင့်လိုက်သည် ။ အထဲမှ အသင့် မီးပူထိုးပြီးသား နို့စိမ်းရောင် လည်ကတုံးအင်္ကျီနှင့် ပိုးပုဆိုးတစ်ထည်ကို ထုတ်ယူလိုက်သည် ။ boxer ကိုတော့ အစိမ်းရောင်တွေ အများကြီးထဲကမှ matcha စိမ်းလေးကို ရွေးယူလိုက်သည် ။

အ၀တ်အစားအားလုံးကို သပ်သပ်ရပ်ရပ် ၀တ်ဆင်ပြီးသောအခါ အလုပ်သွားရန် အသင့်ဖြစ်နေလေပြီ ။ ၆ပေကျော်သော အရပ် ၊ ဖြူစင်သော အသားအရည် ၊ ယောကျာ်းဆန်သော body ၊ သပ်ရပ်သော ဝတ်စားဆင်ယင်မှုကြောင့် အလုပ်ထဲတွင် သူ့ကို စိတ်၀င်စားနေကြသူများလည်း ဒုနဲ့ဒေး ။ သူ့အလုပ်အကိုင်ကလည်း မသေးလှဘူး ။ မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ၊ MK group ရဲ့ ဥက္ကဌ ဦးဂုဏ်ရောင်ဝါရဲ့ P.A လေ ။

ကျူပင်ခုတ် ကျူငုတ်မကျန် Where stories live. Discover now