ငါရယ်၊ ကားဆရာကြီးရယ်၊ ကားပေါ်က ခရီးသည်ရယ်

12 2 0
                                    


ဒီဇာတ်လမ်းအစမှာ ငါဟာ ဘတ်စ်ကားရဲ့အဝင်ပေါက်နားကထိုင်ခုံမှာ ထိုင်နေခဲ့တယ်။ ငြိမ်ငြိမ်သက်သက် ဘေးဘီယာကို ကြည့်ရင်းပေါ့။ အဲဒီ့အချိန်မှာ ငါ့မျက်ဝန်းထဲကို ကားပေါ်ကခရီးသည်ရဲ့ ရစ်ဝိုင်းနေတဲ့ မျက်ဝန်းအိမ်က တိုးဝင်လာတယ်။ သူ့အဝတ်အစား ၊ ပုံပန်းသွင်ပြင်တွေက သူ့ကို ရှိ ရင်းစွဲအသက်ထက် ပိုရင့်သယောင်ခံစားရစေတယ်။ သူက ကားပြတင်းမှန်ကနေတစ်ဆင့် အပြင်ကိုတိတ်တဆိတ် ငေးနေတယ်။ လွမ်းမောမှုတွေ လွှမ်းခြုံနေရင်းပေါ့။ ငါ့ရဲ့ နှုတ်ခမ်းဖျားကမေးခွန်းကို စကားလုံးတွေအဖြစ် ပွင့်အံမကျစေဖို့ ကားဆရာကြီးက ကားဟွန်းတစ်ချက်တီးရင်း အရိပ်အခြေပြတယ်။ ဒါပေမဲ့ ငါက နာခံတတ်တဲ့သူတစ်ယောက်မှ မဟုတ်တာ။ ကားဆရာကြီးရဲ့ မျက်ရိပ်မျက်ကဲကို လျစ်လျူရှုရင်း ခရီးသည်လေးကို "ဘာလို့ငိုနေတာလဲ"လို့ ငါမေးလိုက်တယ်။ သူက ငါ့ကို လှည့်ကြည့်ပြီး နာကျင်နေတဲ့မျက်ဝန်းနဲ့ ပြုံးပြတယ်။ အဲ့ဒီနောက်မှာမှ ခပ်ရှရှ သူ့အသံက လေးလေးပင်ပင်နဲ့ အံကျလာတယ်။

“မေ ကျွန်တော့်ကိုထားသွားပြီ”တဲ့။ ပြီးတော့ သူကဆက်ပြောတယ်။

“မေ ဆိုတာက တစ်ချိန်က ကျွန်တော်ရဲ့ ဆိုင်သူလေးပေါ့။ မေကလေ သိပ်ကို မြတ်နိုးဖို့ကောင်းတဲ့ ကောင်မလေး၊၊ ကျွန်တော်အပေါ်ကို သိပ်ကို အနွံတာခံတဲ့ ကောင်မလေးပေါ့ ။ ဟော! ဟိုမှတ်တိုင်မှာပေါ့။ သူနဲ့ကျွန်တော်နဲ့ဆုံခဲ့တာ အဲဒီမှတ်တိုင်မှာပေါ့”

သူညွှန်ပြတဲ့ မှတ်တိုင်ဆီ ငါလှမ်းကြည့်မိတော့ လူသူကင်းမဲ့နေတဲ့ ပျင်းခြောက်ခြောက်မှတ်တိုင်တစ်ခုက လက်လှမ်းပြတယ်။ သူက ခပ်ရှရှ အပြုံးတစ်ပွင့် လှမ်းပြုံးပြလိုက်တယ်။

“ရိုးရိုးရှင်းရှင်း၊ သဘာဝကျကျနဲ့ သံသရာအကွေ့မှာ ကျွန်တော်တို့ တိုက်မိခဲ့ကြတာပေါ့။ ဖြူစင်လွန်းရင် အရောင်ဆိုးရလွယ်တယ်ဆိုတဲ့ စာရေးဆရာမကြီးရဲ့စကားလို ဖြူစင်လွန်းတဲ့ မေ့ကို ကျွန်တော် ပန်းရောင်ဆိုးခဲ့တယ်။ အဲ့ဒီစကားကို ဘယ်နေရာမှာ ကြားဖူးခဲ့လဲဆိုတာ ကျွန်တော်မမှတ်မိပေမယ့် ဒီနေရာမှာ သုံးလို့ရမယ်ထင်တာပါပဲ။ ဟို မှတ်တိုင်က ထိုင်ခုံလေးမှာပေါ့။ ကျွန်တော် မေ့ဆီကနေ အဖြေရခဲ့တာလေ”

ငါရယ်၊ ကားဆရာကြီးရယ်၊ ကားပေါ်က ခရီးသည်ရယ်Where stories live. Discover now