မောင့်အချစ်များတွင်သာ

42 1 0
                                    

                       Chapter 1

....ကျွန်မတစ်လမ်းလုံးအဖြေရှာမရဖြစ်ခဲ့တယ်။တွေးလာတဲ့အတွေးတွေကလည်းအဆိုးတွေဆိုတော့ပိုဆို‌တာပေါ့။ကျွန်မတိုက်ခန်းလေးတစ်ခုရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ်။အဲ့မှာစပြီးကျွန်မရဲ့ဆိုးရွှားတဲ့အတွေးတွေကိုပိုပြီးအဓိပ္ပာယ်ရှိလာအောင်ဖိနပ်လေးတစ်ရံကသက်သေပြုလာတယ်။ကျွန်မအဲ့ဖိနပ်လေးကိုသိပ်သိတာပေါ့ကျွန်မမောင့်ကိုမွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တဲ့ဖိနပ်လေးပေါ့။ကျွန်မတံခါးကိုခွင့်မတောင်းဖွင့်ဝင်ခဲ့မိတယ်။သေသပ်ပြီးတော့သန့်ရှင်းတဲ့အခန်းလေးပေါ့။မကြာပါဘူးကျွန်မရဲ့အာရုံကိုပြောင်းလဲစေမဲ့အသံတစ်ချိုးကျွန်မနားထဲကိုဝင်လာတယ်။အဲ့အသံကိုသိပ်သိဆာပေါ့။အဲ့တာမောင့်အသံလေ။အသံလားရာဘက်ကိုကျွန်မဦးတည်ခဲ့တယ်။ကျွန်မမြင်တွေ့လိုက်ရတဲ့မြင်ကွင်းကကျွန်မရင်ကိုမီးစနဲ့ထိုးလိုက်သလိုပါပဲ ပူလောင်နာကျင်လွန်းလှတယ်။ကျွန်မရင်ကွဲမတတ်ပါပဲ။ကျွန်မအခန်းတံခါးလေးကိုအားနဲ့ပိတ်ဖွင့်လိုက်တယ်။အခန်းထဲမှာအပေါ်ပိုင်းအဝတ်ဗလာကျင်းဖစ်နေတဲ့မောင့်ကိုရော သူ့ရဲ့အရင်ရည်းစားဟောင်းဆိုတဲ့အိမ့်ပြည့်ပန်းချီဆိုတော့ကောင်မလေးရောပေါ့။ကျွန်မဒေါသတေအထွတ်အထိပ်သို့ရောက်သွားခဲ့တယ်။

"မောင်...မောင်သိပ်ရက်စက်တယ်။ဧကရီ .....အပေါ်မောင်လုပ်ရက်တယ်။ဧကရီမောင့်ကိုမုန်းတယ်။"

"ဧကရီ  မောင်ရှင်းပြပါရစေ"

ယွန်းဧကရီတစ်ယောက်ဘာကိုမှမစဉ်းစားနိုင်‌ေတာ့ဘဲကားပါကင်ရှိရာသိုသာအပြေးလေးလိုက်လာခဲ့သည်။

"မောင်ရှင်းပြတာနားထောင်ပါအုံး ....ဧကရီ"

"တော်ပါတော့...ငါ့အပေါ်ကိုနင်တို့အရူးလုပ်တာတေရပ်လိုက်ပါတော့။"

"မောင်တောင်းပန်ပါတယ်ဧကရီရယ်"

"ကျွန်မမှာဘာအပြစ်ရှိလို့လဲမောင်...
ပြောလေ....ဟမ်....ပြောလေ။"

"ဧကရီမမှားပါဘူးမောင်မှားတာပါကွာ"

"(ဟား...)"ကျွန်မတို့အဖြစ်ကအရမ်းရီရတာပဲမောင်။မောင်ကအိမ်ကပေးစားလို့သာကျွန်မကိုယူခဲ့ရတယ်။ကျွန်မကတော့မောင့်ကိုချစ်တဲ့စိတ်နဲ့ရယူပိုင်ဆိုင်ခဲ့တယ်။မောင်ကျွန်မကိုပြန်ချစ်လာမှာပါဆိုတဲ့စိတ်နဲ့အမြဲရှင်သန်ခဲ့ရတယ်။ဒါပေမဲ့မောင်ကအရင်ကရောအခုပါဥပေက္ခာတွေအမုန်းတရား‌ေတွကိုပဲပေးခဲ့တယ်။အခုကျွန်မဆက်သည်းမခံနိုင်တော့ဘူးမောင်။အရင်ကမောင်ပေးခဲ့တဲ့ဥပေက္ခာတွေအမုန်းတရားတေရ‌ခဲ့တာတောင်ခုလိုမနာကျင်ခဲ့ဖူးဘူး။အခုကျွနိမရင်ကွဲမတတ်နာကျင်ရတယ်။ဒီဆော့ကျွန်မတို့ပြတ်သားတာပိုကောင်းတာပေါ့။မောင်လဲကျွန်မဆီကထွက်သွားပြီးလွတ်လွတ်လပ်လပ်ရှင်သန်ရှင်မှာပေါ့။မောင်မမြင်ချင်တဲ့ကျွန်မမျက်နှာကိုလဲမောင်တစ်သက်လုံးမမြင်ရအောင်ကျွန်မတို့ကွာရှင်းကြတာပေါ့မောင်။"

ကောင်းမြတ်မောင်တစ်ယောက်သူမှားတာအကြီးကြီးမှန်းသူသိခဲ့ပါပြီ။ဘာလို့လဲဆိုတော့သူ့ရှေ့မှာအမြဲတမ်းကြံ့ကြံ့ခံနိုင်ပြီးမျိုသိပ်တတ်တဲ့သူအရမ်းမုန်းခဲ့ရတဲ့သူလေးကပေါက်ကွဲပြီးသူ့ကိုလက်လွှတ်‌ေပးမယ်လို့ပြောတော့သူတုန်လှုပ်သွားပြီး

"မောင်ကွာရှင်းမပေးနိုင်ဘူးဧကရီ"

"ဘာလဲအခုအခြေအနေတွေကိုမောင်လိုချင်နေခဲ့တာမဟုတ်ဘူးလား။ဒါမှမဟုတ်ကျွန်မကိုခုထိနှိပ်စက်လို့မဝသေးလို့လား"

"မောင်ဧကရီ့ကိုတောင်းပန်ပါတယ်။မောင်ဒီလိုတွေမဖစ်သင့်မှန်းလဲသိပါတယ်။ဒါပေမဲ့မောင်တကယ်ကိုအနူးအညွှတ်တောင်းပန်ပါတယ်။မောင့်ကိုခွှင့်လွှတ်ပေးပါကွာ ဧကရီရာ"

"တော်ပါတော့မောင်။ကျွန်မအရမ်းပင်ပန်းနေပြီ။ကျေးဇူးပြု၍ကျွန်မစိတ်တွေကိုရောအချစ်တွေကိုပါလွတ်လပ်ခွင့်ပေးပါတော့နော်။ကျွန်မနောက်ကိုလည်းဆက်မလိုက်လာပါနဲ့တော့နော်။"

"ဧကရီ့။ ‌ဧကရီ့။ "

ယွန်းဧကရီတစ်ယောက်မျက်ရည်များစွာကျဆင်းရင်းကယးပါကင်မှသူမရဲ့အိမ်ကိုကားဖြင့်တရှိန်ထိုးမောင်နှင်ခဲ့ပါတယ်။သူမကားရဲ့နောက်တွင်လည်းသူမအချစ်ဆုံး‌ေသာသူလဲ
ဖြစ်ခဲ့အမုန်းဆုံးသူလည်းဖြစ်ခဲ့သောကောင်းမြတ်မောင်ရဲ့ကား‌ေလးလဲလိုက်ပါလာသည်။

(မောင်နဲ့ဧကရီလေးတို့ကိုအားပေးကြပါအုံးရှင် ။vote လေးလဲပေးကြပါအုံးနော်။)

  ၁၀.၁၀.၂၀၂၄

မောင့်အချစ်များတွင်သာWhere stories live. Discover now