ချစ်ခြင်းမေတ္တာမှာ သက်တမ်းကုန်ဆုံးရက်ဆိုတာ ရှိနေသလား။မချစ်ခဲ့တာ မဟုတ်ဘဲ ဆက်ပြီးမချစ်ချင်တော့တာမျိုးပေါ့။
▪︎▪︎▪︎
"ကိုယ် မင်းနဲ့သားအတွက် မနက်စာပြင်ထားပေးတယ်။ သားဖို့က သူကြိုက်တဲ့ကြက်ဥခေါက်ဆွဲ၊ မင်းအတွက်ကတော့ ကမ်းနားလမ်းဆိုင်က စွပ်ပြုတ်ပူပူလေး .. မနက်စောစောထပြီးသွားပေမယ့် ထုံးစံအတိုင်း အကြာကြီးစောင့်ခဲ့ရသေးတယ်"
"အော .. တကူးတက အလုပ်ရှုပ်ခံလို့။ အိမ်မှာရှိတာတွေပဲ စားလိုက်လို့လည်း ရပါတယ်"
"ဘယ်ဟုတ်ပါ့မလဲ။ ဒါ ကျောင်းတက်တုန်းက မင်းအရမ်းသဘောကျခဲ့တဲ့ မနက်စာ မဟုတ်လား"
"အင်း .. ဒီလိုပါပဲ"
"မှတ်မိသေးလား။ ကိုယ်တို့နှစ်ယောက် ရည်းစားဖြစ်ခါစတုန်းက အဲဒီစွပ်ပြုတ်ဆိုင်ကို အမြဲသွားစားနေကျလေ။ ဒီနေ့တောင် ဆိုင်ရှင်ဦးလေးက မင်းကိုမေးနေသေးတာ၊ မတွေ့တာကြာလို့တဲ့၊ တစ်ရက်လောက် အတူတူသွားရအောင်"
"ဟန်ဘင်း"
"အာ .. ဟုတ်သားပဲ။ ကျောင်းပိတ်ရက်နဲ့တိုက်ရင် သားကိုပါ ခေါ်သွားကြမလား။ သူ မရောက်ဖူးသေးဘူး "
"တော်ပါတော့"
" ... "
"တော်သင့်ပြီလေ ဟန်ဘင်း။ ငါ အခု အဲဒါကို သဘောမကျတော့ဘူးလို့! အရင်တုန်းက သေလောက်အောင် သဘောကျခဲ့ရင်တောင်မှ အခုအချိန်မှာတော့ ထပ်ပြီးသဘောမကျတော့ဘူး!"
"စိတ်ခံစားချက်တွေကိုပြောင်းလဲဖို့က အဲ့လောက်တောင် လွယ်လို့လား"
"အေး လွယ်တယ်။ ငါက အရင်ကတည်းက အဲလိုပဲလေ။ စိတ်အပြောင်းအလဲမြန်တယ်၊ ငြီးငွေ့လွယ်တယ်။ အခုလည်း အတူတူပဲ။ ငြီးငွေ့နေပြီ မချစ်ချင်တော့ဘူး၊ စိတ်ကုန်နေပြီမို့ ကွာရှင်းပေး"
"ရုံးချိန်နောက်ကျတော့မယ်။ မနက်စာအရင်စားရအောင်"
"ဒီစကားတွေကိုပဲ ထပ်ခါထပ်ခါပြောနေရတာကို ငါ တကယ်ပင်ပန်းနေပြီ ဟန်ဘင်း"
![](https://img.wattpad.com/cover/378551790-288-k606535.jpg)